Zawgyi>>
အချိန်က ညနေ ၅နာရီ၊ သူမ အိပ်ပျော်နေတာ ၂နာရီရှိပြီ။ ခုနကတည်းက ခံစားနေရတဲ့ ရင်ထဲက တင်းကြပ်ကြပ်ခံစားမှုသည် ရေသောက်သော်လဲ မပျောက်၊ ဘာနဲ့ ဖြေဖျောက်မှ ပျောက်မည်ကို မသိ။
"chae"
ပုခုံးပေါ် ရောက်လာသော လက်တစ်စုံနှင့်အတူ လွမ်းဆွတ်နေရသော သူမ။ နှစ်တွေ ကြာသွားပေမဲ့ အရမ်းချစ်ရသော chaeရဲ့ အစ်မဝမ်းကွဲဖြစ်သူ irene။
"unnie ဘာလို့ သူမနိုးသေးတာလဲ"
"သူပင်ပန်းနေလို့ အိပ်နေတာပါ၊ ဘာမှစိုးရိမ်စရာ မရှိဘူး"
ဟုတ်လို့လား ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်မိတော့ မစီးနှောင်ထားသော ကိုယ့်ရဲ့ ခေါင်းကို ခပ်ဖွဖွ သပ်တင်လာပြီး
"unnieကို မယုံဘူးလား၊ ဒီက ပါရဂူကိုတောင် မယုံတော့ဘူးပေါ့ ဟုတ်လား"
"အဲ့လိုမဟုတ်ပါဘူး၊ chaeက ဘာပြောလို့တုန်း"
"မင်းမျက်လုံးက ညာမပြောတက်ဘူးလေ"
သူမကို ဘာမှထပ်မပြောတော့ဘဲ ကုတင်ပေါ်က သူဆီသို့ အကြည့်ရောက်မိတော့ မျက်ခွံပေါ်က မှည့်လေးက ထင်ထင်ရှားရှား၊ လက်လေးနဲ့ လှမ်းတို့လိုက်ချင်ပေမဲ့ ဘေးနားမှာ စားစရာပြင်နေရင်း စကားတပြောပြော ဖြစ်နေတဲ့ အစ်မကြောင့် ဒီတိုင်းလေးသာ ကြည့်နေလိုက်မိသည်။
ခုနက အစ်မပြောတဲ့ သူ့အကြောင်းမှာ mr.kimဆိုတာ ပါသည်ကြောင့် jennie kimနှင့် စပ်ဆက်မှုရှိနိုင်လားလို့ မဆီမဆိုင်စွာ တွေးမိသေးသည်။
irene unnieနဲ့ chaeတို့ မတွေ့ဖြစ်သည်မှာ ၆နှစ်ကျော်ပြီ ဖြစ်သည်။ accident တစ်ခုကြောင့် irene unnie အမေရိကန်ပြောင်းသွားပြီး အဆက်အသွယ်ပြတ်ခဲ့ကြသည်။ သူ့ပြောပြချက်အရ ဆရာဝန်ဖြစ်အောင် အစစအရာရာထောက်ပံ့သူက Kim မျိုးရိုးရဲ့ နောက်ဆုံးမျိုးဆက်လို့ပြောတာဘဲ။ နာမည်က Ruby janeလို့ ပြောပြီး မျိုးရိုးနာမည်မပါတာတော့ စဉ်းစားစရာ။
ည ၇နာရီ၊ ဆေးသုံးလုံးသွင်းပြီးလို့ အပ်ဖြုတ်လိုက်ပြီး သူ့နိုးအလာ စောင့်နေသော်လဲ အခုချိန်ထိ တုပ်တုပ်မလှုပ်သူ။ bathroom ခဏဝင်ဖို့ irene unnieကို စောင့်ခိုင်းကာ ထွက်လာလိုက်သည်။ မနက်ဖြန် ကစားကွင်းသွားဖြစ်မှာ မဟုတ်ပေ။ unnieကို အိမ်မှာ တစ်ယောက်ထဲ ထားလို့မဖြစ်။ ခေါင်းက ဒဏ်ရာက ဘာမှ ထပ်ဖြစ်မသွားပေမဲ့ ခြေထောက်က
၎ချက်ချုပ်လိုက်ရသည့်ဒဏ်ရာက တစ်ပက်လောက် ထောက်မရမည့် အနေအထားတွင်ရှိသည်။ ကိုယ့်အပြစ်မကင်းသည်မို့ သေချာသည်က တစ်ပတ်လောက် သူ့ပြောသမျှ ပေါက်ကရအပြောအောက် chaeလုံးလုံးရောက်ရမည်ကို တွေးလိုက်တိုင်း ခေါင်းကိုက်ရသည်။ ကဲ ဖြစ်သမျှအကြောင်း အကောင်းဘဲ မှတ် ဆိုကာ ကိစ္စရှင်းပြီး သူ့ခုတင်ဆီပြန်လာလိုက်သည်။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~