Zawgyi>>>
ဒေါက် ဒေါက်...
"လာပြီ jisoo unnie "
အခန်းတံခါးခေါက်သံကြောင့် နိုးလာရသည်။
"ဘာဖြစ်လို့လဲ jisoo unnie "
"မနက်စာ ပြင်ထားတာ လာပို့တာ၊ ဒီနေ့ chae နားလိုက်လေ၊ unnie နဲ့ lisa ဘဲ ရုံးတက်လိုက်မယ် "
"အဲ့လိုရလား.. ဒါဆို ဒီနေ့ chae နားမယ်နော်၊ unnie ကို ဆေးစစ်ပေးမလို့ "
"အင်း ဟုတ်ပြီ တစ်ခုခုလိုရင် ဖုန်းဆက်၊ ရော့ ဒီမှာ မနက်စာ "
jisoo unnie ပေးတာကို လှမ်းယူပြီး ဆိုဖာရှေ့ စားပွဲပေါ် တင်ထားလိုက်သည်။
ကုတင်ပေါ်က အိပ်မောကျနေသော သူမကို တစ်ချက် ကြည့်ရင်း ရေချိုးခန်းထဲ ဝင်လာလိုက်သည်။
ခေါင်းပေါ်ကို စီးကျလာသော ရေအေးတို့က အရမ်းသက်တောင့်သက်သာ ဖြစ်စေသည်။ ရောက်တက်ရာရာ အတွေးတို့က ဟိုတစ်ကွက် ဒီတစ်ကွက်၊ အရင်လို ဒေါင်ဒေါင်မြည် မကျန်းမာတော့သော unnieရဲ့ ခန္တာကိုယ်ကြောင့် အရမ်း ဂရုစိုက်နေရသည်။
သူမ ခံစားခဲ့ရသောဝေဒနာတွေက ကိုယ်ခံအားကို လျော့ကျသွားစေသည်။ နည်းနည်းကလေး အအေးပက်ရင်တောင် ဖျားတက်လာသည်။ လက်ဖျားလေးကို ဓားထိရင်တောင် အသွေးထဲက နာတက်လာတာကို သူမ အသိဆုံး၊ ဒါကို ဂရုမစိုက်တာက ကိုယ့်ကို ညှင်းပန်းရာ ရောက်သည်။
ကလစ်... ကျွီ....
"အမေ့!"
ရေချိုးခန်း တံခါး ဖွင့်သံကြောင့် လူက လန့်သွားရသည်။ ဝင်လာတာက unnie။
ကိုယ်လုံးတီးဖြစ်နေတဲ့ ကိုယ့်ခန္တာကိုယ်ကြောင့် လန့်ဖြန့်ကာ ဘေးနားက ဆပ်ပြာရည်ဗူးကို ကောက်ကိုင်လိုက်မိသည်။ သူမကို မပစ်လိုက်မိစေဖို့ အတော် အရှိန်သတ်လိုက်ရသည်။
သို့သော် သူမဘက် လှည့်ကြည့်မိလိုက်တော့ ကိုယ့်ကို ကြောင်ပြီး ရပ်ကြည့်နေလေသည်။
"မကြည့်နဲ့ မှိတ်ထား!!"
အဓိကနေရာတွေကို လက်ဖြင့် ကာရင်း လှမ်းအော်လိုက်သည်။
ရပ်ကြည့်နေတုန်း...
ကမန်းကတန်း ပုဝါကို လှမ်းယူရင်း ပတ်လိုက်သည်။ တံခါးကို ကိုင်ထားရင်း ရပ်နေသော သူမကို ခေါ်ကြည့်လိုက်သည်။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~