Part 28(Billionaire's Love)

1K 109 22
                                    

Zawgyi>>>

"မင်းက အိမ်မက်ထဲမှာ တွေ့နေကြဘဲကို၊ မမှတ်မိဘူးလား "

"ရှင်!"

သူမ မျက်လုံးတည့်တည့် ကြည့်လိုက်မိသော်လဲ အဖြူထည် အကြည့်တွေ။ အရင်က သူမ မျက်လုံးတွေက ညို့ဓာတ်အပြည့်နဲ့ စူးရှလှသည်။

ထိုအခါ ဆရာဝန်က အလိုက်သိစွာ စစ်ဆေးပေးသည်။

"လူနာ နာမည်ဘယ်လိုခေါ်လဲ မှတ်မိလား "

ဆရာဝန်က မေးလိုက်သော်လဲ ခေါင်းသာ ခါပြလာသည်။

"သူ့ကိုရော မှတ်မိလား "

chae ဘက်ကို လက်ညိုးထိုးပြလာသည်။

"သိတယ်လေ၊ ယောင်းငယ် မဟုတ်လား "

ကလေးတစ်ယောက်ကို ဒီအန်တီကြီး ဘယ်သူလဲ လို့ မေးနေရသလို၊ အူကြောင်ကြောင် ဖြစ်နေတဲ့ သူမ။

^^^^^^^^^^^👻

"လူနာက အတိတ်မေ့နေပြီးတော့ သတိမေ့နေတဲ့ ကာလက အိမ်မက် မှတ်ဉာဏ်တွေဘဲ မှတ်မိနေပုံဘဲ ၊ "

"သတိပြန်ရလာဖို့ရော ဘယ်လောက်ကြာနိုင်မလဲ ဒေါက်တာ "

jisoo unnie က မေးတော့

"လူနာအပေါ် မူတည်တယ်၊ သူ မှတ်မိချင်နေတဲ့ အတိတ်လား၊ ဒါမှမဟုတ် မမှတ်မိချင်တော့တဲ့ အတိတ်လားဆိုတာ "

ငြိမ်ကျသွားသော အခန်းငယ်။ unnie အတွက် ဒီaccident က မှတ်မိချင်စရာ မကောင်းလှ။

နာမည်တောင် မမှတ်မိတော့လောက်အောင် ပြင်းထန်သွားပုံ ရသည်။ အိမ်မက်ထဲမှာသာ တွေ့ရတဲ့ ကိုယ့်ကို မှတ်မိနေပြီး သူ့ဘဝရဲ့ မှတ်ညဏ်အားလုံး ပျောက်ဆုံးသွားတယ်တဲ့လေ။

ယောင်းငယ် ဆိုတဲ့ သံစဉ်ကလေးကို သူ့ဆီက ပြန်ကြားရတော့လဲ အငိုတစ်ဝက်နဲ့တဲ့လား။

"ယောင်းငယ် ဗိုက်ဆာတယ်~~"

အန်ကယ် john ဆီ သူမ သတိရလာကြောင်း ဖုန်းဆက်ပြီးတော့ မိုးလဲ လင်းတော့မှာမို့ စားစရာ ဝယ်ပြီး အခန်းထဲ ပြန်လာလိုက်သည်။

ပြန်အိပ်ပျော်သွားသော သူမက ခုမှ နိုးလာသည်ထင်၊ အိပ်မှုံစုံဝါး ရုပ်ဖြင့် ။

"အတော်ဘဲ unnie ၊ chae စွတ်ပြုတ် ဝယ်လာတယ်၊ ခနလေး ထည့်ပေးမယ် "

အတိတ်မေ့နေတဲ့သူကို chae ဘယ်လို စကား စရမလဲ မသိတာ အမှန်ပါ။ သူကတော့ ပြောရှာသည်၊ ယောင်းငယ်က သူ့ရည်းစား ပါတဲ့လေ၊ ဟုတ်လား လို့တောင် မမေးဘဲ တပ်အပ်ပြောလိုက်ခြင်းပင်။

Billionaire's LoveWhere stories live. Discover now