" အား ပင်ပန်းလိုက်တာ "
စာမေးပွဲက နီးလာပြီဖြစ်တာကြောင့် အသည်းအသန်စာကျက်နေရသည်။ တစ်နေကုန် စာလုပ်ပြီးနောက် ညနေစာ စားရန် အခန်းထဲမှ ထွက်လာလိုက်သည်။
"ယောင်းငယ် စာလုပ်ပြီးပြီလား?"
ဧည့်ခန်းဆိုဖာရှေ့တွင် ကွန်ပြူတာတစ်လုံးဖြင့် ဘာလုပ်နေမှန်း မသိသော unnie ။ hon လို့ ခေါ်ခိုင်းပေမဲ့ အသားမကျသေးသော ပါးစပ်က အလွယ်တကူမထွက်။ အစတုန်းကတော့ မရမကခေါ်ခိုင်းပေမဲ့ နောက်ပိုင်း ဘာမှ မပြောတော့သည်မို့ ပါးစပ်က ထွက်ရာသာ ခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။
"မပြီးသေးဘူး ခနနားမလို့ "
"လာ ပေါင်ပေါ်လာထိုင် တစ်နေကုန် လွမ်းနေရတာ "
" အမယ် အပေါ်ထပ်နဲ့အောက်ထပ်ကို တစ်နာရီခြား တစ်ခါ လာနေပြီးတော့များ ဟွန့် "
"ဟ ဟား ဒါကတော့ ဟောဒီက ကောင်မလေးက ဆွဲဆောင်မှုပြင်းတာကိုး "
"ဒါနဲ့ ကိုယ်ရဲ့ နေဝင်ချိန်အနမ်းလေး မပေးချင်ဘူးလား? "
"ဘာကြီး? "
ထူးထူးဆန်းဆန်း ကြားလိုက်ရသော စကားလုံးကြောင့် သူမပေါင်ပေါ် ထိုင်နေရမှ သူ့ဘက်လှည့်ကြည့်လိုက်မိသည်။ သူမကတော့ puppy မျက်လုံးကလေးဖြင့် မသိနားမလည်သူလို လိုချင်တာ မရမက တောင်းချင်နေပုံရသည်။
"နေဝင်ချိန်အနမ်းလေ ယောင်းငယ်ရဲ့ မိုးတောင် ချုပ်တော့မှာကို ပြီးရင် သန်းခေါင်ယံအနမ်း လာဦးမှာ "
အနောက်ကနေ ခပ်တင်းတင်းဖက်ထားရင်း နားရွက်နား ကပ်လျက် ရိုက်ခတ်သွားသော ခပ်နွေးနွေးလေကြောင့် တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်လာရသည်အထိ ညို့အားပြင်းလှသည်။
ခါးနားတစ်ဝိုက် ဖက်တွယ်ထားသော လက်တို့ကို ဆွဲခွာရင်း သူမပေါင်ပေါ်မှာပင် မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် chae ဘာလုပ်တော့မည်ကို သိသော သူမက အလိုက်သင့် နေရာချပေးလာသည်။
ခပ်ဖွဲဖွဲကျနေသော မိုးကြောင့် ရာသီဥတုက အနည်းငယ်မှောင်နေသည်။ မီးမဖွင့်ထားသည်ကြောင့် ဧည့်ခန်းအတွင်းရှိ အလင်းရောင်က မှိန်ပြပြ။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~