Zawgyi>>>
"အထဲဝင်ရအောင် မမလေး "
"ဟုတ်ကဲ့ အန်ကယ် "
ဘာမှ မပြောင်းလဲသွားတဲ့ နေရာလေး။ သစ်ပင်တို့က ထူထပ်ဆဲ၊ ပန်းခင်းလေးကလဲ အရောင်စုံဆဲ၊ စမ်းချောင်းလေးကလဲ ကြည်လင်ဆဲ။
မြို့ပြင်မှာ ရှိနေတဲ့ ဒီနေရာလေးကို unnie သိပ်ကြိုက်တာ။
"မမလေး ဒီတံခါးရဲ့ password က ကျွန်တော်သိတဲ့ password မဟုတ်တော့ဘူး၊ သခင်မလေး မမလေးကို password ပေးထားသေးလား? "
ဒီတံခါးတွေရှေ့ ရောက်နေပြန်ပြီ။ password ကို တစ်ချက်ပြန်စဉ်းစားလိုက်တော့ အပြုံးတို့က သဲ့သဲ့ပေါ်လာရသည်။
"chae သိတယ် အန်ကယ် "
password ရဲ့ စာလုံးအကြီးအသေးတို့ကအစ မှတ်ဉာဏ်ထဲမှာ အထင်သား။
ကိန်းဂဏန်းတွေကို မနှစ်သက်သည့် သူမက ဖုန်း lock ကအစ၊ ကျောင်းက locker password အဆုံး အင်္ဂလိပ် alphabet တွေသာ။
ထို့နေ့ chae နိုးလာတော့ သူမ ကိုယ့်အနားမှာ မရှိဘူး။
နောက်တော့ သိလိုက်ရတာက သူမ အဘိုးဆီ သွားတုန်း လေယာဉ်ပျက်ကျသွားတယ်တဲ့လေ။
ခုနလေးကမှ chae ကို လာကယ်တဲ့သူက အခုတော့ မရှိတော့ဘူးတဲ့။ ဘယ်လောက်မျက်လှည့်ဆန်လိုက်သလဲ။
အဲဒီသတင်းကြားအပြီး Mr. Kim ကလဲ စိတ်လျှော့သွားလို့ ခုတော့ Kim မျိုးဆက် ပြတ်သွားပြီဆိုပြီး သတင်းထွက်နေလေရဲ့။
"မမလေး ဒီအခန်းပါ "
"ဝင်ရအောင် အန်ကယ် "
စီးပွားရေး လောက တစ်ခုလုံးကို ရိုက်ခတ်နိုင်တဲ့ အာဏာရှင်က ပျက်သုံးသွားတော့ လက်အောက်ခံ စီးပွားရေးတွေက ယိမ်းယိုင်လာသည်။ အခုချိန်မှာ အန်ကယ်က တာဝန်ယူထားရပေမဲ့ ဆက်ခံသူတော့ လိုအပ်နေသေးသည်။
"မမလေး ဒီအခန်းထဲမှာ သခင်မလေး ချုပ်ကိုင်ထားတဲ့ ကုမ္ပဏီအချက်အလက်တွေ အားလုံးရှိပါတယ်၊ ဒီကနေ စကြတာပေါ့၊ "
Mr. Kim နဲ့ chae အဘိုးတို့ နှစ်ဦး ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ unnie နဲ့ chae နဲ့က မဖြစ်မနေ လက်ထပ်ရလိမ့်မည်။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~