Zawgyi>>>
အရှေ့အရပ်က ပြူထွက်စပြုနေသော အလင်းရောင် ဆောင်ကျဉ်းလာတဲ့ ဂြိုလ်ကြီးဟာ တစ်ဖြည်းဖြည်းနဲ့ ကောင်းကင်ပေါ်မှာ နေရာယူတော့မည် ဖြစ်သည်။
ထို့အတူပင် ငြိမ်သက်နေသော နေရာတွေလဲဘဲ မျက်စိနောက်လောက်အောင် လှုပ်ရှားကြတော့မည်။
သက်ရှိတွေဟာ ကိုယ်ပိုင်နယ်မြေတွေမှာ ရုန်းကန်လှုပ်ရှားရင်း အသက်ဆက်ကြလေသည်။
ကိုယ့်အပူဟာ အပူဆုံးလို့ မှတ်ထင်ထားကြတဲ့ လောကကြီးမှာ chae သည်လဲ ကိုယ့်အပူဟာ အပူဆုံးပါပင်။
"ရောက်ဖို့ ၃၀ မိနစ်အလို၊ အားလုံးအသင့်ပြင်!! "
စူးရှစွာ ထွက်ပေါ်လာတဲ့ အမိန့်ပေးသံတစ်ခုဟာ အတွေးကိုယ်စီနဲ့ သူတွေကို နိုးထလာစေသည်။
အန်ကယ် john လက်အောက်ရှိ လိုင်စင်ရ ထိပ်တန်း အေးဂျင့် အယောက် ၇၀ ကျော် ပါလာသည်။ ကုန်းလမ်းကြောင်းက သွားဖို့ မဖြစ်နိုင်သည်မို့ လေကြောင်းနှင့် ရေကြောင်းကို တစ်ဝက်ခွဲကာ ခရီးတွင်စေသည်။
DB ရဲ့ လူယုံကိုလဲ chae တို့နှင့်အတူ အန်ကယ်က ပါလာစေသည်။ နေရာအတိအကျကို သူသာလျှင် သိသည်မို့။
ခြေထောက်နှစ်ချောင်းလုံး ရိုက်ချိုးခံထားရသည်မို့ ထွက်ပြေးဖို့ သူ့မှာ လမ်းမရှိတော့သည်က ခေါ်လာစေဖို့ လုံလောက်သော အကြောင်းပြချက် ဖြစ်သည်။
"ပစ်မှတ် ရောက်ပြီ စဆင်းမယ်!!"
ငှက်ဆိုးထိုးသံက အရှုံးပေးရလောက်အောင် စူးရှသော ထိုအသံပိုင်ရှင်ကို သိပ်မကြည်တော့တာ အမှန်ပင်။ သို့သော်လဲ ဒါတွေ တွေးဖို့ အချိန်က မပေးတာကြောင့် လေယာဉ်ပေါ်ကပင် လေထီးဖြင့် ခုန်ချလိုက်ရသည်။
ရှေ့၌ မြင်နေရသည့် ကျွန်းလေး တစ်ကျွန်းက အတော်လှသည်။ ရေပတ်လည်ဝိုင်းနေကာ ကြည်စိမ်းနေသော ကမ်းစပ်မှ ရေများ၊ ဖြူဖွေးနေသော သဲတို့က ကျွန်းအနားတစ်ပတ်လုံးကို ဖုံးအုပ်ထားသည်။
ရှည်မျောမျာ သဏ္ဍန် ကျွန်းပုံစံက တစ်မျိုး ဆန်းလှသည်။ အပေါ်စီးကမို့ ကျွန်းတစ်ခုလုံးကို အပင်ကြီးတို့က ဖုံးအုပ်ထားသည်ကိုသာ မြင်နိုင်သည်။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~