Zawgyi>>>ပတ်ဝန်းကျင်အနေအထားမှာ အုံ့မှိုင်းလျက်၊ သို့ပေမဲ့ jennie ရဲ့ ရင်ထဲမှာတော့ မီးတောက်နေသည်။
"boss အရှေ့က နေရာဘဲ! "
လူ ၅၀ ကျော်လောက်က ခြံပြင်မှာ ကင်းစောင့်နေကြပုံရသည်။ jae ရဲ့ နောက်ခံက ကြီးတာမို့ အလွယ်တကူ ဖောက်ဝင်ဖို့ မဖြစ်နိုင်ပေ။
ဝန်ကြီးချုပ်ရဲ့ သား ဖြစ်တာကြောင့် လုပ်ပိုင်ခွင့် အပြည့်အဝ ရှိနေသည်။
မိုင်ကုန်တင်ထားတာကြောင့် ကားကို ချက်ချင်းရပ်လိုက်ဖို့ မဖြစ်နိုင်။ ဂိတ်ဝက အခိုင်အခံ့မဟုတ်သည်ကြောင့် အရှိန်မလျှော့ဘဲ တိုက်ချိုးလိုက်သည်။
ထို့နောက် အသံကြားလို့ ကားနားရောက်လာကြသော ထိုလူများ။ ကားမှာ ဘရိတ် ပျက်သွားပြီ ဖြစ်တာကြောင့် ဆင်းဖို့က အဆင်မပြေ ဖြစ်ရသည်။
ကား အရှိန်မသတ်သေးတာကို ရိပ်မိပုံရသော ထိုလူများက သေနတ်များဖြင့် ပစ်ခတ်ကြသည်။ ကျည်ကာ ကားဖြစ်သည်ကြောင့် ပစ်ချက်တိုင်းတော့ အထဲကို ပေါက်မဝင်လာပေ။ လူတိုင်း သေနတ်ကိုင်ထားတာကြောင့် ထိုကောင်ရဲ့ အာဏာက သိပ်မသေးလှ။
ကား အင်ဂျင် မခံနိုင်တော့တာကြောင့် တွေ့သမျှ လူလိုက်တိုက်ရင်း အိမ်ပေါက်ဝ တည့်တည့် ကားကို ဦးတည်လိုက်သည်။
"အသင့်ပြင်ထား ငါ ဆင်းဖို့ အချက်ပေးရင်း အကုန်ဆင်းကြ!!"
ကားမှာ ရမ်းခါနေသည်မို့ မည်သူမျှ အနားမကပ်လာကြ။ ကားတံခါးကို အသာဖွင့်ရင်း လွတ်ချလိုက်သော ထိန်းချုပ်မှုများ။
" ဆင်း!!!"
"ဒုန်း.... ဝုန်း!!!"
အိမ်တံခါးဝကို အပြေးသွားတိုက်သော ကားမှာ ပေါက်ကွဲသွားသည်။ ထိုလူများ ကြောင်နေစဉ် လက်ဦးမှု ယူကာ ခါးကြားမှ သေနတ်ဆွဲထုတ်ကာ အကာအကွယ်ယူထားလိုက်သည်။
jen နှင့်ပါလာသော လူများမှာ စပစ်ခတ်နေပြီ ဖြစ်သည်။ လက်နတ်အသာစီးရမှုကြောင့် jen တို့ဘက် အရေးသာနေသည်။
သို့သော်လဲ သေနတ်သံများကြောင့် အိမ်ထဲမှ လူများ ထွက်လာလေသည်။ အယောက် ၅၀ ထက် မနဲလှသော လူများမှာ တုတ်၊ ဓား မျိုးစုံ ကိုင်ထားသော်လဲ သေနတ် မပါတာကိုတော့ သတိထားမိသည်။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~