"ချစ်တယ် jennie Kim "
"ယောင်း ယောင်းငယ် ဘာပြောလိုက်တာ ၊ ပြန်ပြောပေး "
"အဟမ်း ချစ်တယ်လို့ jennie kim shi "
ထိုအခါ ခါးမှ ချီကာ ဆွဲလှည့်ခံလိုက်ရခြင်းနှင့်အတူ တဟားဟား အော်ရယ်လာသော သူမ။
"ယောင်းငယ်က ငါ့အပိုင်ကွ ဟား ဟား ဒီအမျိုးငယ်လေးက ကိုယ့်အပိုင်တဲ့! !" ဆိုကာ ပါးကို လှမ်းနမ်းရင်းဆိုလာသည်။
ချီထားတာကို မချပေးဘဲ ဆက်လှည့်နေတာမို့ သူမ ပုခုံးကိုသာ ကိုင်ထားမိသည်။ သူပျော်နေတာမြင်နေရတဲ့ကိုယ့်မှာလဲ ရပ်တန့်မရသော အပြုံးတွေနဲ့။
စိတ်ကူးတောင် မယဉ်ခဲ့ဘူးတဲ့ လူက အခု chae အပိုင်တဲ့။ ဘဝမှာ တစ်စုံတစ်ယောက်ဟာ ကိုယ့်အပိုင်ပါလားဆိုတဲ့ ခံစားချက်က တကယ်ကောင်းတာ။
^^^^^^^^^^^^^^^^^^^^👻
"ယောင်းငယ် အိပ်နေပြီလား တံခါးဖွင့်ပေးအုံး " ပြန်လာချိန်က ညဥ့်နက်နေပြီ ဖြစ်တာကြောင့် အိပ်ရာသာ တန်းဝင်လိုက်သည်။ သို့သော်လဲ မှေးခနဲကျခါမှ တံခါးလာခေါက်သော သူမ။
"မအိပ်သေးဘူးလား unnie ရဲ့ "
"ဟွန့်.. " ဆိုကာ မကျေမနပ် အသံပြု၍ chae အိပ်ယာထက် သွားထိုင်နေလေသည်။
"ဘာဖြစ်လို့လဲ unnie ရဲ့ ရုပ်ကြီးက ကြည့်အုံး "
"အစကပြောတော့ hon ဆို ခုတော့ unnie တဲ့လား "
"သြော် unnie ကလဲ " ပြောတုန်းက ပြောပြီး အခုကျမှ ရှက်နေလေသည်။
"မရဘူးနော် နောက်ဆို နှစ်ယောက်ထဲ ရှိတဲ့ အချိန်ဆို hon လို့ဘဲ ခေါ် ရမယ် ဒါ ကိုယ့်အတွက် မွေးနေ့ လက်ဆောင်လို့ သဘောထား "
"ဘာမှလဲ မဆိုင်ဘူး "
"အခုခေါ်ကြည့် "
" မ မခေါ်ဘူး "
"ရတယ်လေ မခေါ်ရင် ယောင်းငယ် ဒီည အိပ်ရဖို့ မစဉ်းစားနဲ့ "
တဖြည်းဖြည်းချင်း တိုးကပ်လာသော unnie ခန္ဓာကိုယ်ကြောင့် စကားလုံးတို့မှာ အထစ်ထစ်။
"ခေါ် ခေါ်မယ် လို့! "
"ခေါ်လေ အခု မြန်မြန်နော် ကိုယ်ကြာရင် အာမ မခံဘူး "
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~