Zawgyi>>>
မနက် ၃ နာရီ အဝေးပြေးလမ်းမထက် အရှိန်ပြင်းစွာ နှင်နေသော jen ရဲ့ ကား။ တစ်ဖက်က ကားမောင်းနေရင်း တစ်ဖက်ကလဲ ရှိသမျှ အဆက်အသွယ် မှန်သမျှ ချိတ်ဆက်လျက် ချစ်ရသူရဲ့ တည်နေရာကို ရှာနေရင်းနှင့်ပေါ့။
မနက် ၁၁ နာရီ....
"boss တည်နေရာတစ်ခု ရှာတွေ့ပြီ!!"
"ဘယ်မှာလဲ!!"
" ဒီမှာပါ boss!!"
"အဲ့ဒါ lisa ဖုန်းတည်နေရာဘဲ "
"သွားမယ် အသင့်ပြင်!!"
ယောင်းငယ်ရဲ့ တည်နေရာကို မတွေ့သေးသော်လဲ lisa ရဲ့ ဖုန်းတည်နေရာကို ခြေရာခံမိသည်က သူမဆီကို ခြေတစ်လှမ်း နီးလာခဲ့သလို ခံစားချက်ကလေး။
အသင့်ပြင်ထားသော တိုက်ခိုက်စွမ်းရည် မြင့်မားတဲ့ လူဆယ်ယောက်နှင့် အတူ မိုင်ကုန်မောင်းနှင်လာခဲ့သည်။ သို့သော်လဲ ဒီအရှိန်နှုန်းသည် နှေးသယောင်၊ တဖန် ပြန်ဝင်လာသော ဒေါသတို့ကြောင့် နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။
ကိုယ်ရှိနေရဲ့သားနဲ့ မင်း အန္တာရယ် ဖြစ်ရတာက ကိုယ် $သုံးမကျလို့ ၊ မင်းရဲ့ တည်နေရာကိုတောင် အခုထိ ရှာမတွေ့နိုင်သေးတဲ့ ကိုယ်က seoul မြို့တစ်ခုလုံးကို ပိုင်ရင်တောင် $သုံးမဝင်သေးဘူး၊ မင်း တစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ် ကိုကိုယ့် ခွင့်လွှတ်မှာ မဟုတ်ဘူး။မဟုတ်ဘူး မင်း ဘာမှကို ဖြစ်လို့မရတာ၊ ကိုယ် ဘာမှ ဖြစ်ခွင့်မပေးနိုင်ဘူး၊ ကိုယ့် ခွင့်ပြုချက် မရှိဘဲ မင်း ဘာမှ ဖြစ်လို့မရဘူး၊ မင်းက ကိုယ့်အပိုင် ယောင်းငယ်၊ ကိုယ့်အပိုင်လို့ !!!
"အားးး ဟာကွာ တောက်!!!"
ဖြစ်လာသမျှ ဒေါသတွေကို မချုပ်တီးနိုင်တော့ဘဲ လွှတ်ချလိုက်မိသည်။ ခါးရမ်းသွားသော ကားကို အသာပြန်ထိန်းရင်း lisa ဖုန်းတည်နေရာသို့ မိုင်ကုန်ပြန်တင်လိုက်သည်။ လက်သည်းအတိ ညှပ်ထားသော ညာဘက်လက်မှာ ထိန်းချုပ်ထားသော ဒေါသတို့ကြောင့် အဖြူရောင်ပြောင်းနေပြီ ဖြစ်သည်။
^^^^^^^^^^^^^^^👻
"boss ဟိုမှာ လူရိပ် "
"တွေ့တယ် အသင့်ပြင်ထား "
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~