Part 22(Billionaire's Love)

843 92 10
                                    

Zawgyi >>>

ကုတင်ထက် ပတ်တီးအဖွေးသားဖြင့် လဲလျောင်းနေသော မိန်းကလေးတစ်ယောက်။ ဒဏ်ရာ ဒဏ်ချက်တို့ အပြည့်ဖြစ်နေသော ခန္ဓာကိုယ်က လောလောလတ်လတ် နှိပ်စက်ခံထားရကြောင်း ဖော်ပြသည်။

"ကျွီ "

တံခါးဖွင့်သံ ခပ်ကျယ်ကျယ်နဲ့အတူ ပျော်မြူးရိပ်သန်းနေသော မျက်ဝန်းအစုံက စူးရှစွာ။ ကုတင်ဘေးနား တစ်ဖြည်းဖြည်း လျှောက်လာပုံက နတ်မိမယ်လေးအလား။

သူမက Dark Billionaire ဖြစ်တဲ့ Jisoo ။ မျိုးရိုးနာမည် မဲ့တဲ့ သူမက သူလိုချင်တာကို ရအောင် ယူတက်တယ်ဆိုတဲ့ စကားက ကုတင်ပေါ်က မိန်းကလေးက သက်သေပြနေသယောင်။

အင်အားချင်းမျှနေတဲ့ ထိုမိန်းကလေးကို ကုတင်ပေါ်တင်ထားနိုင်သည့် အရည်အချင်းက တော်ရုံတော့ မဟုတ်နိုင်။

"အချိန်တော်တော် လင့်နေပြီ အချစ်ရဲ့ ထတော့လေ "

ထိုမိန်းကလေးနား ကပ်ပြောလိုက်တော့ ဆက်ကနဲ တုန်တက်သွားသော သူမ ကိုယ်လေး။

ခြေထောက်နှစ်ချောင်းသာမက လက်နှစ်ဖက်ကိုပါ သံကြိုးခတ်ခံထားရသည်မို့ ရုန်းလိုက်တိုင်း သံကြိုးအချင်းချင်း ရိုက်ခတ်သံတို့က တချွင်ချွင်။

"အင်း ဟင်းး " နာကျင်မှုတို့ကြောင့် ညီးညူသံသာ ထွက်လာသည်။

"အို့ အသိရှိနေသေးတာဘဲ အချစ်ရဲ့ ဘယ်လောက်သန်မာလိုက်သလဲ ဟမ် "

ကြားရသူတွေအတွက် ဆွဲဆောင်မှု အပြည့် ရှိနေသော အသံဖြစ်နေသော်လဲ သူမအတွက်ကမူ သံရည်ပူအလား ပူလောင်ရသည်။

Blindfold တပ်ခံထားရတာကြောင့် နေ့လား ညလား သူမ မသိပေ။

ပါးပြင်တစ်လျှောက် ပွတ်ဆွဲနေသော အထိအတွေ့ ခပ်နွေးနွေးတစ်ခု။ ထို့နောက် သူမ နှုတ်ခမ်းပါးပေါ် ရပ်တန့်သွားသည်။

ဖြူဖတ်ဖတ် ဖြစ်နေသော ထိုနှုတ်ခမ်းပါးမှာ  အကြမ်းပတမ်း ပွတ်ဆွဲလိုက်သည်ကြောင့် ရဲခနဲ။

ထိုအခါ ကုတင်ပေါ်၌ ဘေးတစောင်း ထိုင်နေသော သူမက ကိုယ့်ကိုကိုယ် ဂုဏ်ယူနေသော အပြုံးကလေး ပြုံးသည်။

Billionaire's LoveWhere stories live. Discover now