Zawgyi>>>>
"wow lisa ya မိုက်လိုက်တာ ကြည့်."
အင်တာနက်ပေါ်မှာ တင်ထားသော ပုံတွေနဲ့ ပိုပြီး အသက်ဝင်နေသော မျက်စိရှေ့က မြင်ကွင်းက ပိုပြီး ထူးခြားတာမို့ chaeတစ်ယောက် ပါးစပ်မစိနိုင်။ ဘေးနားမှာ lisaရှိနေသည်အထင်ဖြင့် ပြောပြီး လှမ်းကြည့်မိစဉ် အမတော်က မစ်ကီမောက်စ်အရုပ်ကြီးအားဖက်ကာ ဓာတ်ပုံရိုက်နေလေပြီဖြစ်သည်။
သူ့ဆီ သွားမည်အပြု ဘေးဘက်က ဝင်လာသော လူအရိပ်။ သတိပြုမိသည့်အချိန်က နောက်ကျသွားပြီဖြစ်တာကြောင့် နှစ်ယောက်စလုံးအရှိန်မထိန်းနိုင်စွာ ထပ်လျက် မြေပြင်ပေါ် ပြုတ်ကျပြီးဖြစ်သည်။
ကြီးကြီးမားမား မဖြစ်သွားတာကြောင့် ပေကျန်သွားသော ဖုန်တွေကို ခါချနေရင်း
"တောင်းပန်ပါတယ်ဗျ ကျွန်တော် အလျင်လိုသွားလို့ပါ" အသံကြီးသော်ငြား နားထောင်ကောင်းသော ထိုသူ့အသံ။ မော့ကြည့်လိုက်တော့ ယောကျာ်းပီသစွာ ခန့်ညားသော ဥပဓိရုပ်။ တစ်ဆက်တည်း ခေါင်းထဲ ဝင်လာသော စပ်ဖြီးဖြီးမျက်နှာ။ အလျင်အမြန် ဖယ်ထုတ်လိုက်ရင်း အရှေ့မှ ထိုသူအား ပြုံးပြကာ
"ရပါတယ် ဘာမှ မဖြစ်ပါဘူး။ ပြီးတော့ chaeဘက်ကလည်း တောင်ပန်းပါတယ်။ သတိမထားလိုက်မိလို့ မရှောင်လိုက်မိတာပါ" ထိုအခါ သူ့ထံမှ ရလိုက်တာက ရှက်ကိုးရှက်ကန်းနဲ့ ပြုံးသောအပြုံး။ တစ်ဆက်တည်း အနည်းငယ် အခုန်မြန်နေသော နှလုံးသား။
"ဟေ့ ဘာဖြစ်နေကြတာလဲ "
Chaeတို့ကို သတိပြုမိ၍ ဝင်လာသော lisa။"တွေ့ရတာ ဝမ်းသာပါတယ်ဗျ၊ ဒီက မိန်းကလေးကို ကျွန်တော် မတော်တဆ ဝင်တိုက်မိလိုက်လို့ဗျ။ ကျွန်တော့် အမှားမို့ ပြန်တောင်းပန်တဲ့အနေနဲ့ နေ့လည်စာ လိုက်ကျွေးပါရစေ၊ နေ့လည်လဲ ရောက်နေပြီ ဆိုတော့လေ..."
ဓာတ်ပုံရိုက်ပြီး chaeကို လှမ်းကြည့်လိုက်တော့ ယောကျာ်းလေးတစ်ယောက်နဲ့ စကားပြောနေသည်မို့ သူ့အနား လျှောက်လာခဲ့လိုက်သည်။ ပုံစံကြည့်ရသည်မှာ လူကောင်းပုံစံဖြစ်သည်ကြောင့် စိတ်အေးရသည်။ chaeဆိုတာဟာ ကိုယ့်အတွက် မောင်နှမနှင့်မခြားသည့်အပြင် ခင်လာကတည်းက ကာကွယ်ပေးချင်သည့်စိတ်က အလိုလိုပေါ်လာတာ။
YOU ARE READING
Billionaire's Love
Fanfic(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~