Zawgyi>>>
အနည်းငယ် မှောင်စပြုလာသော ညနေခင်းအချိန်၊ ပုံမှန်အရှိန်ထက် အနည်းငယ် နှေးကာ မောင်းနေသော ကားတစ်စီး။
အနောက်ထိုင်ခုံတွင်တော့ နားရွက်နှစ်ဖက်လုံး ရဲတွတ်နေသော မိန်းကလေးနှစ်ယောက်။
အရှေ့ထိုင်ခုံဘက်တွင်တော့ စိတ်တိုမှု ရေချိန် အပြည့်ဖြင့် မိန်းကလေးနှစ်ယောက်။
ထိုကားထဲတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေပါသော်လဲ လေထုက ကြောက်စရာကောင်းလှသည်။
"lisa~ ဟေ့ lisa~"
အရှေ့က နှစ်ယောက် မကြားအောင် lisa ကို တိုးတိုးတိတ်တိတ် ခေါ်နေသော်လဲ သူမက ခုထိ ဇာတ်ကျိုးနေတုန်းပင်။ သောက်ခဲ့သည်မှာ တော်တော်များသည် ဆိုပေမဲ့ အရှေ့က နတ်ဒေဝါကြီး နှစ်ပါးကြောင့် ခပ်ရိပ်ရိပ်သာ ကျန်တော့သည်။ ပိုက်ဆံပေးပြီး သောက်ရသည့်ရေက အခုတော့လဲ သိပ်မမူးတော့တာကြောင့် မတန်ပါ။
သူမကို နားနားတေ့ပြီး အော်ခေါ်နေတာတောင် အသံပြန်မပေးတာကြောင့် လက်မောင်းကို ဖြန်းခနဲ ရိုက်ချလိုက်သည်။
ဖြန်း!!
"ဟင်! "
မျက်လုံးမပွင့်တပွင့်ဖြင့် ခေါင်းထောင်လာသော သူမကို အရေးမစိုက်မိတော့ပါ။ ဖြန်းခနဲ အသံကြားကတည်းက အရှေ့က ဒေဝါကြီးတွေက ဆက်ကနဲ လှည့်ကြည့်လာတာကြောင့် တံတွေးတောင် ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။
"ရှင်တို့ ခုထိ အမူးမပြေသေးပုံဘဲ ဟုတ်လား unnie "
ယောင်းငယ်က လေသံ ခပ်အေးအေးဖြင့် ပြောလာသည်။ ဒီလူမှာတော့ ကျောရိုးတစ်လျှောက် အေးသွားတာပင်။
"ပြေ ပြေသွားပြီ ယောင်းငယ်ရဲ့ ဟဲဟဲ နော် lisa ဟဲ့ "
ဘေးကို စစ်ကူခေါ်လိုက်သော်လဲ ဒင်းက ဂုတ်ပြန်ကျိုးသွားပြန်ပြီ။ jisoo unnie က နားရွက်ဆွဲခေါ်လာတာတောင် ကားပေါ်ရောက်တော့ ပြန်အိပ်ပျော်သွားသော lisa ခဗျာ alcohol level နိမ့်ပုံရသည်။
"အရှေ့ကလျှောက်! "
"nae nae မြန်မြန်လျှောက် lisa ya "
"kim ဒါ အိမ်မက်လို့ ပြောစမ်းပါ အင့် ရွှတ် "
"ငါလဲ ဆုတောင်းပါတယ် ဒါပေမဲ့ တီ တီ!!"
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~