Zawgyi>>>
အချစ် မရှိရင် မပြည့်စုံဘူးလို့ ယူဆနေကြတဲ့ လူတွေဟာ သူတို့ အချစ်အကြောင်း နားမလည်သေးတာ ဖြစ်နိုင်ကောင်းရဲ့။
အချစ်ဆိုတဲ့ အရာလေးက သိပ်ပြီး မာနကြီးတာ၊ သူ့ကို ရဖို့လဲ မလွယ်သလို လွှတ်ချဖို့လဲ ခက်ခဲနေပြန်ရော။
တစ်ချို့က ပြောတယ် အချစ်က နာကျင်တယ်တဲ့၊ တစ်ချို့ကတော့ ချိုမြိန်တယ်တဲ့လေ။
chae ကတော့ အချစ်အကြောင်း အဓိပ္ပါယ်မဖွင့်ချင်ဘူး။ နာကျင်တယ်၊ ချိုမြိန်တယ်ဆိုတဲ့ ခံစားချက်တွေ chae မှာ မရှိဘူး။
တစ်ခါတော့ သူမနဲ့ အတူ ရောက်တက်ရာရာ ပြောနေရင်းမှ အချစ်အကြောင်း ပြောဆိုဖြစ်သည်။
'နာကျင်ခြင်း၊ ချိုမြိန်ခြင်းတွေကို သူ မခံစားရပါဘူးတဲ့လေ၊ သူအခုခံစားနေရတာက တသိမ့်သိမ့် ကြည်နူးခြင်းတဲ့ '
သူက ပြောတယ်။
သူ အချစ်ကို ကျော်လွန်သွားပြီတဲ့၊ ချစ်တယ်ဆိုတဲ့ စကားကို သူ မသုံးချင်တော့ဘူးတဲ့လေ။
အဲဒီတုန်းက ကိုယ့်မှာ စိတ်ဆိုးလိုက်ရတာ ဆိုတာ။
နောက်မှ ပြောလာတာက မင်းကို မြတ်နိုးတယ် ဆိုတဲ့စကားက ပိုပြီး လေးနက်လေမလားတဲ့လေ။
အခုလဲ unnie chae မြတ်နိုးတယ် ဆိုတဲ့ စကားကို သုံးနိုင်ပြီ။ ဒါပေမဲ့ unnie ရေ chae ရဲ့ မြတ်နိုးတယ် ဆိုတဲ့ ဝေါဟာရကို တက်မြောက်ဖို့ လွမ်းဆွတ်တမ်းတခြင်းက သင်ပေးတယ်။
unnie ကိုတော့ ဘာက သင်ပေးလဲဆိုတာကို ပြန်တွေ့ရင် မေးဖို့ သိမ်းထားပြီးသား unnie ရဲ့။
မနေ့က သတင်းကောင်းတစ်ခု ကြားရတယ်။
unnie ရှိနေတဲ့ နေရာကို အန်ကယ်က သိသွားပြီတဲ့လေ။ chae မှာ ပျော်လိုက်ရတာ။
ဒါပေမဲ့ unnie ရဲ့၊ unnie ဆီ လာဖို့ ထပ်စောင့်ရအုံးမယ်တဲ့လေ။
unnie အတွက် ခုန်နေတဲ့ နှလုံးသားလေးကလဲ ဒီရက်ပိုင်း လေးလံလာတယ်။ chae မှာ အဖြေရှာမရဘူး ဖြစ်နေတယ်။ unnie အဆင်ပြေရဲ့လား။ နေရော ကောင်းရဲ့လား။
ဒီလို နှလုံးသားက လေးလံမှုမျိုးကို တစ်ခါ chae တို့ စက်ဘီးမှောက်တုန်းက chae ရဲ့ နှလုံးသား လေးလံမှုမျိုးနဲ့ တစ်ထပ်ထဲ unnie ရဲ့။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~