"ဒါ ဘယ်လိုဖြစ်တာလဲ!! ဘာကြောင့် ဒီဇိုင်းက ပေါက်ကြားသွားရတာလဲ"
အစည်းအဝေးခန်းထဲတွင် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်လွန်းသည်။ ရာထူးအကြီးဆုံးမှာ အသက်အငယ်ဆုံးဖြစ်သည်ကြောင့် အခြေအနေတွေက ကသိကအောက်နိုင်လှသည်။
သို့ပါသော်လဲ အမှားလုပ်ထားသူတွေမို့ ခေါင်းပင်မဖော်ရဲကြ။အချိန်အတန်ကြာသည်ထိ ဘယ်သူမှ အသံမထွက်ရဲကြ။
"ကဲ ဖြစ်ပြီးသွားပြီဆိုတော့ နောက်ပြန်လှည့်လို့လဲ မရတော့ဘူး။ ပေါက်ကြားသွားရတဲ့ အကြောင်းအရင်းကို သုံးနာရီအချိန်ပေးမယ် ရှာကြ။ ပြီးတော့ အန်ကယ် john တရားခံကို သက်ညှာပေးတာ မလိုချင်ဘူး။ နောက်ပြီး သူ့ကို Blacklistထဲ အနှစ် နှစ်ဆယ် ထည့်ထားလိုက်။ ဘယ်မှာမှ အလုပ်ရသွားတာ မလိုချင်ဘူး။ nini projectကို ရသွားတဲ့ companyကို တစ်ပတ်အတွင်း အမြစ်ဖြတ်လိုက်။"
"ဟုတ်ကဲ့ပါ သခင်မလေး"
niniက အသက်မပြည့်သေးတာကြောင့် ငယ်စဉ်ကတည်းက ကိုယ့်ကို ထိန်းကျောင်းခဲ့တဲ့ အန်ကယ် johnကဘဲ လုပ်ငန်းအားလုံးကို တာဝန်ယူရသည်။
"ဟုတ်ပြီ ဒီကိစ္စက ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ နောက်ဘယ်တော့မှ ဒီအဖြစ်မျိုး ထပ်မကြားချင်ဘူး။ အဲဒါကြောင့်niniကို သစ္စာဖောက်မယ်လို့ ရည်ရွယ်ထားတဲ့သူတွေအခုဘဲ အခန်းထဲက ထွက်သွားနိုင်တယ်။ nini ဘာမှ မလုပ်ဘူး။ အခွင့်အရေးက တစိကြိမ်ဘဲ ပေးမယ်။ အကောင်းဆုံး အသုံးချဖို့ မျှော်လင်ပါတယ်။
Projectအနေနဲ့ကတော့ နောက်သုံးနာရီပြီးရင် အသစ်တစ်ခု စလုပ်မယ်။ နောက့်နေ့ကူးသွားတာကို မလိုချင်ဘူး။ အသစ်တစ်ခုကို အတွင်းရေးမှူးက စီမံလိမ့်မယ်။ ဒီအစည်းအဝေးကတော့ ဒီလောက်ဘဲ"
"ကောင်းပါပြီ ဥက္ကဋ္ဌကြီး"
^^^^^^^^^^^^^^^^^^^^^^^^^^^^👻
အရေးပေါ် အစည်းအဝေး ဆိုလို့ ညနေပိုင်းအတန်းကိုပင် ဖျက်ကာပြေးလာရသော်လဲ ကြားလိုက်ရသော သတင်းက ထိုင်ငိုချင်စိတ် ပေါက်သွားရသည်။niniအတွက် ကျောင်းတက်ရင်းနဲ့ အလုပ် လုပ်ရသည်မှာ မလွယ်ကူလှ။ မောင်နှမ မရှိသည့်အပြင် မိဘတွေပါ ဆုံးရှုံးခဲ့ရသည်။ အဘိုးဖြစ်သူ၏ လက်အောက်တွင် ကြီးပြင်းခဲ့ရပြီ စစ်သားတစ်ယောက်နဲ့ မခြား လေ့ကျင့်ခဲ့ရသော နှစ်တွေမှာလဲ မနဲလှ။ အသက်ကြီးပြီဖြစ်သော အဖိုးက niniကို ပိုင်ဆိုင်မှုတွေ လွှဲလိုက်ပြီ ဖြစ်သောကြောင့် အထက်တန်းပင် ပြီးအောင် မတက်ရဘဲ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်နေရပေသည်။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~