"သခင်မလေး project အဆင်သင့်ဖြစ်ပါပြီ"
"ကောင်းပြီ ထုတ်လုပ်မှုအပိုင်းကို သတ်မှတ်ရက်အတွင်း ဆက်လုပ်ပါ။"
"ဟုတ်ကဲ့ပါ သခင်မလေး။ သခင်မလေး နားဖို့ ကျွန်တော်စီစဉ်ပြီးပါပြီ။ မိုးလင်းတော့မှာဆိုတော့ နားလိုက်ပါတော့လား"
""မိုးလင်းပြီလား"
ဖိုင်တွေကို လက်စသပ်နေရတာနဲ့ အချိန်ကို မကြည့်မိ။ ပင်ပန်းနေပေမဲ့ သူ့ကို တွေ့ချင်နေတဲ့ စိတ်က ကြီးစိုးနေပြန်သည်။
"အန်ကယ်john ၊ nini အိမ်ပြန်မှာ taxi စီစဉ်ထားပေး"
"ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
"မလိုဘူး အန်ကယ် niniပြောသလိုဘဲ လုပ်ပေး"
"ဟုတ်ကဲ့ ကျွန်တော် စီစဉ်ပေးပါ့မယ်။"
^^^^^^^^^^^^^^^^^^^^^^^^^^👻
အိမ်ပြန်ရောက်တော့ လေးနာရီဘဲ ရှိသေးတာမို့ တိတ်ဆိတ်နေသည်။ သူ အိပ်နေလောက်ရောပေါ့။
Chaeyoungဆိုတဲ့ကောင်မလေးကို စတွေ့ကတည်းက စိတ်ထဲမှာ မှည့်လိုက်မိတဲ့ nickname လေးက ယောင်းငယ် တဲ့လေ။ သူ့အကြောင်း တွေးလိုက်တိုင်း နှလုံးသားထဲက တသိမ့်သိမ့် တုန်ခါလာခြင်းနဲ့အတူ ပွေ့ဖက်နမ်းရှိုက်ချင်စိတ်တွေက ထိန်းမနိုင် သိမ်းမရ။
အတွေးတွေနဲ့ နစ်မျောနေပေမဲ့ သစ္စာစောင့်သိလှတဲ့ မသိစိတ်က သူ့ကုတင်ဘေး အရောက်လှမ်းနေပြီ။
နိုးသွားမှာစိုးလို့ တိတ်တဆိတ် ရပ်ကြည့်နေပေမဲ့ သူ့နှုတ်ခမ်းပါးဆီ အကြည့်ရောက်တိုင်း ချုပ်တီးထားသမျှ စိတ်ရိုင်းတို့က ပုန်ကန်လာကြသည်။ မီးလောင်ရာ လေပင့်ဆိုသလို သူအိပ်ပျော်နေတယ်ဆိုတဲ့ အတွေးက စိတ်ရိုင်းတွေကို အားပေးကူညီသည်။
ကမ္ဘာ့ဆွဲအားကိုဘဲ အပြစ်တင်လိုက်ပြီ။ ကိုယ့်အပေါ်ကိုဘဲ ကွက်ပြီး ဆွဲအားများနေသလား နှုတ်ခမ်းပါးတွေကို ကြည့်ရင်းနဲ့ တဖြည်းဖြးည်း နီးကပ်လာသလို ။ ဦးခေါင်းကြား လက်ထောက်လျက် စတော်ဘယ်ရီရောင် သန်းနေတဲ့
ယောင်းငယ်ရဲ့ နှုတ်ခမ်းပါးကို နမ်းမိလိုက်ချိန်။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~