ပြန်ရောက်သော အချိန်က မိုးချုပ်နေပြီမို့ သူမကို နားပါစေဟု လွှတ်ပေးလိုက်သည်က အမှားတစ်ခုဖြစ်သည်။ နောက်နေ့ကစလို့ အခုချိန် ကျောင်းဖွင့်လို့ သုံးရက်မြောက်နေ့အထိ သူမကိုယ့်ကို ရှောင်နေခဲ့တာ။ ကျောင်းမှာ အတန်းမတူတာကို အခွင့်ရေးယူပြီး ရှောင်သည်။ အိမ်ကျတော့ အန်ကယ်တို့ကို ခုတုံးလုပ်ပြီး ရှောင်သည်။
အမှန်တကယ်ဆို သူမကို ရည်းစားစကားတောင် မပြောရသေးပါ။ အစပျိုးရုံဘဲ ရှိသေးတာကို အဲ့လောက်ထိ တုံ့ပြန်တယ်ဆိုတော့ ရှေ့ဆက်တိုးဖို့ တကယ် အားယူရလိမ့်မည်။ သို့သော်သူမကို တစ်ခြားတစ်ယောက် လက်ထဲတော့ ထည့်မပေးနိုင်။
chae စာသင်နေပေမဲ့ ခေါင်းထဲဝယ် ထိုညက သူ့စကားတွေကို ဖျောက်ဖျက်မပစ်နိုင်။ အခု chae သိတာက သူမကို မျက်နှာချင်းမဆိုင်ချင်ဘူး၊ chae ကြောက်နေတယ်၊ ဒါပေမဲ့ အတန်းဆင်းချိန်တိုင်း ကိုယ့်အခန်းရှေ့ လာတက်တဲ့ သူမရဲ့ မျက်ဝန်းတွေက စကားတွေ အများကြီးပြောတယ်၊
ထူးဆန်းတယ် အဲ့နေ့ကစလို့ chae သူမ မျက်ဝန်းတွေကို ဖက်တက်ခဲ့တာ။ ဒါပေမဲ့ chae ကြောက်နေတုန်းဘဲ၊ chae အဲ့လောက် သတ္တိမရှိဘူး။
chae သိတာပေါ့။ lisa မိန်းကလေးတွေနဲ့ စတွဲတုန်းက အများစုရဲ့ ရွံစရာမျက်ဝန်းတွေကို၊ ဒါပေမဲ့ lisa က ဂရုမစိုက်ဘူး၊ ခပ်တည်တည်ပေမဲ့ ကိုယ့်မှာတော့ တကယ် တုန်လှုပ်ခဲ့တာ။ chae အခုထိ အဲ့အကြည်တွေ သူတို့ပြောတဲ့ ခပ်ကြမ်းကြမ်း စကားတွေကို ကြောက်နေပေမဲ့ chae သစ္စာတရားကိုတော့ သိပ် တန်ဖိုးထားတက်တာ။ ဘာအကြောင်းနဲ့မှ ကိုယ့်သူငယ်ချင်း အနားက မထွက်သွားခဲ့ဘူး၊ ထွက်သွားမှာလဲ မဟုတ်ဘူး။
ဒါ chae ရဲ့ သစ္စာတရား။
^^^^^^^^^^^^^^^^^^^^^👻
"chaeyoung na နေပါဦး! !"
ကိုယ့်ကို တွေ့လို့ ပြန်လှည့်ပြေးသော သူမလေးကို ကမန်းကတမ်း လှမ်းဆွဲလိုက်ရာ ဆက်ကနဲပါလာသော လက်ကောက်ဝတ်လေးကို မလွှတ်တမ်း ဆွဲကိုင်ရင်း ကျောင်းအနောက်ဘက် သစ်ပင်ကြီးဆီကို ဦးတည်လိုက်သည်။
"အ unnie လွှတ် chae နာတယ် လွှတ်! !"
တင်းကြပ်စွာ ဖိကိုင်ထားသော လက်ကောက်ဝတ်ကို
ပြန်ဆွဲယူသော်လည်း အားချင်း မယှဉ်နိုင်သည်မို့ သူဆွဲခေါ်ရာနောက် ပါသွားရသည်။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~