သောကြာနေ့ မနက်ခင်း မိုးကာလ ရောက်ပြီဖြစ်တာကြောင့် မရွာသော်လဲ အနည်းငယ် မှိုင်းနေသော တိမ်တိုက်များကြား တာဝန်အရ ထွက်ပေါ်လာရသော နေမင်းကြီးသည် ကမ္ဘာမြေပေါ် ရှိ လူသားတိုင်းအား နွေးထွေးမှုများ ပေးနေသည်။ သို့သော် ထိုနွေးထွေးမှုများကို အခန်းပြတင်းပေါက် အလုံပိတ်ကာ လိုက်ကာ အမည်းကာထားသော အခန်းတွင်းမှ မိန်းကလေးက မခံယူလိုသည်နှယ် စောင်ပုံအောက် တိုးဝင် မှေးစက်သည်။
နာရီ နှိုးစက် အသံမြည်လာချိန် ဆက်ကနဲ ပွင့်လာသော မျက်လုံးနှင့်အတူ စားပွဲပေါ်မှ ထိုနှိုးစက်အား ဘုကြည့် ကြည့်နေသော chaeyoung
ထိုအချိန်
"ဒေါက် ဒေါက် "
တံခါးလော့ချထားသည်ကြောင့် ထဖွင့်ပေးရသည်။ထိုအချိန် ပထမဆုံး မိတ်ဆက်လိုက်ရသည်က ကောင်းကင်က နေမင်းကြီးနှင့်အပြိုင် ရောင်ဝါထွက်နေသော ထိုသူ့အပြုံး။
"morning ယောင်းငယ် "
" morning "
ကိုယ့်ကို ပြန်နှုတ်ဆက်သည်က အားမပါလှသော အသံကလေးဖြင့်။ ကိုယ့်အတွက် တံခါးဖွင့်ပေးခဲ့ပြီး အိပ်ရာပေါ် သွားပြန်အိပ်နေသော ချစ်ရသူအနားသို့ လျှောက်သွားလိုက်ရင်း သူ့ဘေးမှာ ဝင်လှဲလိုက်သည်။
"အိပ်ချင် မပြေသေးဘူးလား ဟမ် " သူ့ခေါင်းလေးကို အသာမကာ ကိုယ့်လက်မောင်းပေါ် တင်လိုက်ရင်း သူမ ဆံနွယ်တွေကို သပ်တင်ပေးနေမိသည်။
"အင် " အသံကလေး တစ်ချက်သာ ပြုပြီး ကိုယ်ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ပြန်အိပ်နေလေသည်။ ဒီအတိုင်းဆက်အိပ်နေလျှင် ကျောင်းနောက်ကျမည်မှာ သေချာသော်လဲ ဒီအတိုင်းလေးသာ နေချင်သေးတာမို့ သူမအလိုကျ ကျောပြင်လေးကို ခပ်ဖွဖွ ပုတ်ကာ နှဖူးလေးကို နမ်းနေမိသည်။ ဒီလို မနက်ခင်းမျိုး မသေဆေးနဲ့တောင် မလဲနိုင်ပါ။
"အမယ်လေး! ! unnie ထ ထအုံး "
"ဘာ ဘာဖြစ်လို့လဲ "
"ကျောင်းနောက်ကျနေပြီလို့ "
"အမ် သိသားဘဲလေ ဘာလို့လဲ " ကျောင်းနောက်ကျနေတာကို အူကြောင်ကြောင် လုပ်နေသော unnie ကို ဘာပြောရမှန်း မသိတော့ပါ။ ဒါကြောင့် ဘာမှ ပြောမနေတော့ဘဲ ရေချိုးခန်းထဲ ပြေးဝင်ရသည်။ သူဘယ်လိုကျန်ခဲ့လဲ မသိပါ။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~