Zawgyi>>>
"ji jisoo unnie "
"ဟမ် ပြောလေ lisa မင်းခေါ်နေတာ သုံးခါရှိပြီ ဘာပြောမလို့လဲ "
ကုမ္ပဏီရဲ့ ခေါင်မိုးထပ်မှာ လေညှင်းခံနေရင်း ခုံတန်းလေးပေါ် ထိုင်နေသော lisa က စကားစလာသည်။
ဝရံတာပေါ် မှီရပ်နေသော jisoo unnie က ညဘက် မီးရောင်စုံရှုခင်းကို အကြည့်မလွှဲဘဲ ပြန်ဖြေသည်။
လက်ဖဝါးနှစ်ဖက်က မီးထတောက်တော့မတက် ပွတ်နေမိသော်လဲ တဒုန်းဒုန်း ခုန်နေသော နှလုံးသားကြောင့် ကတုန်ကရင်။
မြိုသိပ်ထားနိုင်စွမ်း ကုန်သွားသည့်အဆုံး ဖွင့်ပြောတော့မယ်လို့ ဆုံးဖြတ်ပြီးကာမှ စကားလုံးတို့က လည်ချောင်းဝက မထွက်။
ဇာတ်လမ်းတွေထဲမှာ ဖွင့်ပြောသည့်အခန်းတွေ ကြည့်ဖူးပါသည်။ ကိုယ့်လို အခြေအနေဖြစ်နေတဲ့ အခန်းတွေကို ကဲ့ရဲ့ခဲ့တာကြောင့် ထင်သည်။
ဝဋ်ပြန်လည်နေလေသည်။ စကားလေ တစ်ခွန်းပါဘဲ၊ ဒါကို လည်ချောင်းဝက ထွက်ခွင့်မပေး။
"အဟမ်း! ဟိုလေ ဟို ~"
မထွက်လာပြန်ဘူး၊ စကားလုံးတွေရယ် ထွက်လာပါတော့။
"ဘာတွေ ပြောရခက်နေတာလဲ lisa ရဲ့၊ အခက်အခဲ တစ်ခုခု ရှိလို့လား "
"မ မဟုတ်ပါဘူး jisoo unnie ရဲ့၊ ဟို အဲဒါက ဟို
အီးး ဟီးး "ပြောရင်းဆိုရင်း ငိုချလာသော lisa ကြောင့် jisoo မှာ ပြာယာခတ်သွားရသည်။
ခုံတန်းလေးပေါ် ထိုင်ရင်း ငိုနေသော lisa ကို ဆွဲထူကာ ပွေ့ဖက်ထားလိုက်သည်။ jisoo သိတာပေါ့၊ သူမလေး ဘာပြောချင်နေလဲ ဆိုတာကို။
တကယ်ပြောထွက်ဖို့ ကြိုးစားနေတဲ့ သူမကို စိတ်ရှည်လက်ရှည် စောင့်ပေးနေပေမယ့် မထင်မှတ်ထားစွာ ငိုလာလေသည်။
သူမလေး အငိုတိတ်အောင် ဖက်ထားပေးပေမဲ့ jisoo ရဲ့ နှုတ်ခမ်းမှာ အပြုံးတို့က တွဲလွဲခိုနေသည်။
"အီး ဟီး lisa အင့် lisa က jisoo unnie ကို ချစ် ချစ်တယ် ပြောမလို့ကို ပြော အင့် ပြောမထွက်ဘူး ဗြဲ!"
"ဟုတ်လား ခုရော ပြောထွက်ပြီလား "
ကျောလေးကို ပွတ်ပေးနေရင်းမှ ပုခုံးပေါ် မေးလေးတင်ကာ မှီနေသော သူမလေးကို နဲနဲတင်းတင်းဖက်ထားလိုက်သည်။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~