Part 31(Billionaire's Love)

986 97 20
                                    

Zawgyi>>>

မနက် ၁၀ နာရီ~~~

ဘေးနားက ဗလာဟင်းလင်း ဖြစ်နေတဲ့ ခံစားချက်ကြောင့် မျက်လုံးတို့ ပွင့်လာရသည်။ ယောင်းငယ် အလုပ်သွားပြီ ဆိုတာ သိလိုက်ရတော့ ဘာလို့မှန်း မသိ နှမြောလာရသည်။ မနက်ခင်း kiss ကလေး ဆုံးရှူံးသွားရတာတော့ သေချာသည်။

အတွေးနဲ့တင် နှုတ်ခမ်းက စူလာချင်သည်။ တဂွီဂွီမြည်နေသော ဗိုက်ကို ပွတ်သပ်ပြီး အောက်ဆင်းလာလိုက်သည်။

ထမင်းစားပွဲမှာ အကျအန ထိုင်ကာ ပန်းကန်ထဲ ခေါင်းနစ်နေသော lisa ကို တွေ့လိုက်ရသည်။

"စား စား များများစား lisa ၊ ပိန်သွားမယ် "

"အဟွတ် ဟွတ် "

အနောက်ကနေ ရုတ်တရက် အသံထွက်လာတာကြောင့် စားနေတဲ့ ဆန်ပြုတ်ပင် သီးသွားရသည်။ လှည့်အော်မလို့ အနောက်လှည့်လိုက်တော့ ခွပ် ခနဲဆိုတဲ့ အသံနှင့်အတူ ပူထူသွားသော ကိုယ့်နှဖူး။

"နာလိုက်တာ ~~"

"နာသွားတာလား၊ တိုက်မိတာ ဖြေးဖြးလေးပါ မှန်းစမ်း ကြည့်ရအောင် "

ကိုယ့်စကားကြောင့် သီးသွားသော သူမကို ဖန်ခွက်ဖြင့် ရေခပ်ပေးလိုက်ပြီး သူမဆီ ထိုးပေးလိုက်တော့ ဟိုဘက်က သူမမျက်နှာက လှည့်လာတာကြောင့် နှဖူးနဲ့ ဖန်ခွက် ခွပ်ခနဲပင်။

ဆံမြိတ်ချထားတာကြောင့် နှဖူးကို မြင်သာအောင် ဆံပင်တို့ကို ဖယ်သပ်မလို့ လုပ်တော့ အလန့်တကြား နောက်ဆုတ်သွားလေသည်။

"မထိနဲ့! "

"ဟမ် "

"မထိနဲ့လို့ နှဖူးကို "

"ဘာလို့လဲ ဆေးထည့်ပေးမလို့ကို၊ "

"မထိနဲ့ နှဖူးကို lisa မကြိုက်ဘူး "

နှဖူးကို အသည်းအသန်ကာပြီး ထိုင်ခုံပေါ်မှ ထပြေးလေသည်။

နှဖူးထိတာ မကြိုက်ဘူးဆိုတော့ ဟီးဟီး....

ညစ်ကျယ်ကျယ် အပြုံးဖြင့် ကိုယ့်ရှေ့တိုးလားသော kim။ သိလိုက်ပြီ၊ နှဖူးကို မရမက ထိတော့မယ်ဆိုတာကို၊ မပြောလိုက်မိရင် အကောင်းသားကို ခုတော့....

Billionaire's LoveWhere stories live. Discover now