Zawgyi>>>
ဖက်ထားသော ပျော့အိအိ အရာလေးက ပူနေတာကြောင့် ဆက်မအိပ်နိုင်တော့။ အဲကွန်းဖွင့်ထားတာကြောင့် ရာသီဥတု ပူတာ မဖြစ်နိုင်။
ရင်ဘက်ပေါ်က ခန္ဓာကိုယ်လေးကို အသာဘေးပြန်ချရင်း ထထိုင်လိုက်သည်။ သွယ်လျသော ကိုယ်လေးက ဟူဒီထဲတွင် မြုပ်နေသည်။ ဆေးရုံကုတင်ပေါ်မှာ နိုးလာကတည်းက ဟာလာဟင်းလင်း ဖြစ်နေသော ခံစားချက်ကို ယောင်းငယ်ဆိုတဲ့ အသိက သက်သာစေခဲ့တာ။
ဘာမှတ်ညဏ်မှ မရှိတော့သော ဦးနှောက်က နေရခက်လှသည်။ ယောင်းငယ်ကိုတော့ သိတယ် ဆိုတဲ့ ခံစားချက်လေးက သဲကန္တာရက အိုအေစစ်လေးလို။
ညတုန်းက အဖြစ်အပျက်ကို ပြန်တွေးမိတော့ ရင်ထဲမှာ တကယ်ကြည်နူးရသည်။ jiji ကို တမင်တကာ အပြစ်ပုံချခဲ့တာ၊ ကြက်ကြော်လေးတစ်တုံး နှိုက်စားမိတာကို အထုခံရတာက မကျေနပ်စရာ။
အတိတ်သာ မေ့နေတာ အရာအားလုံး ဘယ်လို အလုပ် လုပ်သလဲဆိုတာကိုတော့ သိပါသေးသည်။ မျက်စိရှေ့ရောက်မှ သိတယ်ဆိုပေမဲ့ တကယ်တမ်း အလွတ်စဉ်းစားရင် ဘာမှ ထွက်မလာပေ။
ညတုန်းက သူမလေး ပင်ပန်းမှာသေချာတာကြောင့် မနှိုးသေးဘဲ ကိုယ့်သန့်ရှင်းရေး အရင် လုပ်လိုက်သည်။
တံခါးခေါက်သံကြောင့် ဖွင့်ပေးလိုက်တော့
"lisa? "
"မထကြသေးဘူးလား၊ နေ ခေါင်းပေါ် ရောက်နေပြီ "
"ဘာလုပ်မလို့လဲ "
"မနက်စာ မစားကြဘူးလား၊ နောက်ကျရင် ငတ်သွားမှာဆိုးလို့ ၊ ဟွန့် ကျေးဇူးမတင် လင်မရ လာမခေါ်သင့်ဘူး၊ ပြောပုံက ဘောက်ဆတ်ဆတ်"
ဘာလုပ်မလို့လဲ လေးဘဲ မေးရသေးတာပါ၊ ဘာတွေ လာပြောနေမှန်းကို မသိဘူး။
"မင်းက လင်လိုချင်လို့လား "
"အဲ့ လိုချင်စရာလား၊ ငါက မိန်းမ ယူမှာ! " မျက်နှာတည့်တည့် ပိတ်အော်လေသည်။
"စကားမစပ် jiji က ငါ့အမနော် "
အသာပြုံးရင်း စကားဆိုလိုက်သည်။ ကိုယ့်ဆိုလိုရင်းကို သဘောမပေါက်သေးသော သူမက အသည်းအသန် စဉ်းစားနေပုံရသည်။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~