Zawgyi>>>
"ဝါး နောက်ဆုံးတော့ စာမေးပွဲ ပြီးသွားပြီ "
"ဟေ့ Kim ဒီပိတ်ရက် ဘယ်သွားကြမလဲ အိမ်မှာ နေရတာ ပျင်းစရာကြီး "
"ကမ်းခြေ သွားမယ်၊ ယောင်းငယ်ရော သွားချင်လား "
" မသွားချင်ဘူး "
စိတ်ဆိုးမာန်ဆိုးနှင့် ပြောလာလေသည်။
" ယောင်းငယ် ကိုယ့်ကို စိတ်ဆိုးနေတာလား "
"ဆိုးစရာလား၊ chae နဲ့ unnie နဲ့က ဘာမမှ မဆိုင်တာ "
"တောင်းပန်ပါတယ် ယောင်းငယ်ရဲ့၊ ကိုယ် သူ့ကို လုံးဝမသိပါဘူး၊ သူ့ဘာသာ စာတွေ လာပို့နေတာပါ ၊
အခုလဲလေ ကိုယ် သူ့ကို block လိုက်ပြီ သိလား "မနေ့ညက jen ရေချိုးခန်းထဲ ရောက်နေတုန်း ဖုန်းကို ယောင်းငယ်ရဲ့ အိပ်ရာပေါ် ထားခဲ့မိသည်။ ထိုစဉ် ဝင်လာသော မက်ဆေ့ခ်ျ တစ်သီတစ်တန်းကြီးအား သူမတွေ့လိုက်သည်ထင်ပ။ အမှန်တကယ်လဲ jen သူ့ကို တကယ်မသိပါ။ အဲဒီကတည်းက jen ကို စကားမပြောတော့သော သူမ။ ပိုဆိုးသည်က သူ့အခန်းထဲက မောင်းထုတ်လိုက်ခြင်းပင်။
"စိတ်မဆိုးပါနဲ့ ယောင်းငယ်ရဲ့၊ ယောင်းငယ်ကလွဲ ဘယ်သူကိုမှ မိန်းကလေးလို့ မထင်တာ။ မင်းကသာ ကိုယ်ရဲ့ တစ်ဦးတည်းသော မိန်းကလေး။ "
ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ပါ။ သူမလေး စိတ်ဆိုးပြေဖို့အရေး ကိုယ့်အရေးဖြစ်လေတော့ ကျောင်းရှေ့ကြီးမှာပင် ကိုယ်မှာ ဒူးထောက်မတက် ချော့ရလေသည်။
မဝံ့မရဲ ဆုပ်ကိုင်လာသော လက်ကိုတော့ မရိုက်လွှတ်တော့ပါ။ အဲ့ဒီလောက် စိတ်ဆိုးနေသည်လဲ မဟုတ်ပေမဲ့ သူမှာ နောက်တစ်ယောက်များ ရှိပြီလား ဆိုသည်အတွေးက
မနေ့ညက အိပ်ရေးပျက်ဖို့ လုံလောက်သည်။unnie ခဗျာ မနက်မိုးလင်းကတည်းက မျက်နှာငယ်လေးဖြင့် လိုက်ချော့နေသည်မှာ တစ်တွတ်တွတ်။ ထိုပုံစံလေးကလည်း တစ်မျိုး ချစ်စရာကောင်းနေသည်ကြောင့် chae မျက်နှာကြီး တည်ထားရသည်မှာ အခုထက်ထိပင်။
သို့သော်လဲ သူမအပေါ် အကြာကြီး စိတ်မဆိုးချင်တာမို့ စိတ်ဆိုးပြေကြောင်း ခပ်ယောင်ယောင် ပြုံးပြလိုက်သည်။
YOU ARE READING
Billionaire's Love
Fanfiction(Unicode & Zawgyi) >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~ >>ချစ်တယ် jennie kim shi ~~ >>မြတ်နိုးမိပါတယ် ယောင်းငယ် ~~