Epilogue(Billionaire's Love)

1.6K 113 4
                                    

Zawgyi>>>

'ဘဝဆက်တိုင်း ပေါင်းရပါစေသား' ဆိုတဲ့ ဆုတစ်ခုကို လူတော်တော်များများ တောင်းကြသည်။ ဒါပေမဲ့ ကိုယ်တော့ မတောင်းချင်ဘူး ယောင်းငယ်။

ဟိုတစ်လောက lisa နဲ့အတူတူ ထိုင်းကို အလည်ပတ်သွားခဲ့တာ၊ ယောင်းငယ်တို့ကတော့ ကုမ္ပဏီကိစ္စနဲ့မို့ မလိုက်နိုင်ဘူးလေ။

lisa ပြောတဲ့ ဗုဒ္ဓဘာသာ အကြောင်းမှာ စစ်မှန်သော သစ္စာနဲ့ ဆုပန်ရင် ပြည့်တယ်တဲ့လေ။

ဒါကြောင့် ကိုယ် ဆုတစ်ခု တောင်းခဲ့တယ်။

'ဖြစ်လေရာဘဝတိုင်းမှာ ချစ်ရသူနဲ့သာ ပေါင်းစည်းရပါစေလို၏ 'ဆိုတဲ့ ဆုတစ်ခုကို ကိုယ် စွဲစွဲမြဲမြဲတောင်းခဲ့တယ်။

ဘဝဆက်တိုင်းတော့ မင်းနဲ့ဆုံဖို့ မျှော်လင့်ချက် မရှိဘူးလေ။ ဆုံတွေ့ခဲ့လို့ မှတ်မိနေရင်တောင် မေတ္တာထားနိုင်ဖို့ မသေချာဘူး ယောင်းငယ်။

ဒါကြောင့် ကိုယ့်ကိုကိုယ့် ညှာတဲ့အနေနဲ့ ချစ်ရသူနဲ့သာ ပေါင်းဖက်ချင်ရပါစေ ဆိုတဲ့ ဆုကလေး တစ်ခုတော့ ပြည့်ချင်တာ။

နောက်ဘဝထိ မလိုပါဘူး၊ ဒီဘဝမှာဘဲ ရှိသမျှ ပုံအောပြီး ချစ်မှာမို့၊ နောက်ဘဝအတွက် ဆိုပြီး မထားတော့ဘူး။

"Kimmm!!!"

"ဟင်း လာပြီ!!"

ဒိုင်ယာရီလေး တစ်ခါ ထိုင်ရေးမိပါရဲ့၊ အောက်ထပ်က lisa အသံကြောင့် feelပါ ငုတ်သွားရသည်။

နေ့လည်ဘက်တွေဆို အိမ်မှာ lisa နဲ့ ကိုယ်သာ ရှိသည်။ လုပ်ငန်းရှင်ကြီးတွေက အလုပ်သွားတာကြောင့် ချဉ်ခြင်းတက်နေသော အောက်ထပ်က မျောက်ရဲ့အလိုကို ကိုယ်က ဒိုင်ခံ ဖြည့်နေရသည်။

"ပြော manobal ဘာလိုလို့လဲ "

"ရေခဲမုန့် ~~"

ဆိုဖာပေါ်မှာ ထိုင်နေသော သူမကို တစ်ချက် စွေကြည့်လိုက်မိသည်။

"ရေခဲသေတ္တာထဲမှာ ရှိတယ်လေ၊ မနက်က နှစ်ပုံး ဝယ်ထားတယ် "

"အဲဒီရေခဲမုန့် မစားချင်ဘူး၊ ကုမ္ပဏီအရှေ့က ရေခဲမုန့်စားချင်တာ "

ပြန်ပြောရန် ပြင်နေသော ပါးစပ်ကို အမြန် ထိန်းချုပ်ရင်း သွားဝယ်ပေးမယ် ဆိုတဲ့အကြောင်း လက်ပြပြီး ထွက်လာခဲ့လိုက်သည်။

Billionaire's LoveWhere stories live. Discover now