Part 35(Billionaire's Love)

912 101 13
                                    

Zawgyi>>>

Phone ring!!!

"hello unnie "

"............"

"တကယ် အဲ့ကို ရောက်နေတာလား၊ ဟုတ်ပါပြီ chae လာခဲ့မယ်နော် "

ခုံပေါ်က ကုပ်အကျီကို ဆွဲယူရင်း jisoo unnie တို့ကို ရုံးဆင်းသွားပြီ ဆိုတာကို မက်ဆေ့ခ်ျ ပို့ထားလိုက်သည်။

မြို့ပြင်က အိမ်ကို unnie သွားတယ် ဆိုပေမဲ့ သူမ password သိပါ့မလား။ အခုလဲ မြို့ပြင်က အိမ်မှာ စောင့်နေမယ် ဆိုတာကြောင့် သူမ သတိရလာကတည်းက မသွားခဲ့သော ထိုနေရာ တစ်ဖန် ခြေချရမည် ဖြစ်သည်။

ရပ်နေကြနေရာလေးမှာ ကားကို ထိုးရပ်ရင်း တောလမ်းကလေး တစ်လျှောက် ဖြတ်လာလိုက်သည်။

လမ်းလျှောက်တာ နှေးလို့ဆိုပြီး ချီပြေးသွားသော သူမတို့ရဲ့ ပုံရိပ်တွေ၊ အနှေးကွက်ပြသလို တစ်ကွက်ပြီး တစ်ကွက် ပေါ်လာသည်။

ပန်းခင်းကလေးကို ဖြတ်လာလိုက်ရင်း အိမ်ကလေးရှေ့က တံခါးဝမှာ ထိုက်ချကာ မျက်လုံးတို့ကို မှိတ်ထားသော jennie။

သူမဘေးနား အပြေးသွားလိုက်ရင်း ပါးကလေးကို လက်ညှိုးထိပ်ကလေးဖြင့် အသာထိုးလိုက်တော့ ခပ်ဖြေးဖြေး ပွင့်လာသော ထိုမျက်လုံးတွေ။

"တံခါးဝကြီးမှာ အိပ်နေတာလား unnie ရဲ့ "

သူမဘေးနား ဝင်ထိုင်လိုက်ရင်း မေးလိုက်သည်။

"ယောင်းငယ် ~~"

"ဟမ် "

တီးတိုးခေါ်လာသော ကိုယ့်ရဲ့ နာမ်စားလေးကြောင့် အသာပြန်ထူးလိုက်သည်။

ဘေးချင်းယှဉ်ထိုင်နေသော အနေအထားကြောင့် သူမက chae ဘက် လှည့်လာကာ မျက်လုံးချင်း ဆုံကြည့်စေသည်။
တဒုတ်ဒုတ် ခုန်နေသော နှလုံးသားလေးက သူမရဲ့ စကားတစ်ခွန်းမှာ အပြင်ခုန်ထွက်တော့မတက် ဘယ်ဘက်ရင်အုံမှာ ထသောင်းကျန်းသည်။

"လွမ်းနေခဲ့တာ "

"un unnie ~~"

ထိုအကြည့်၊ chae ကောင်းကောင်းသိတာပေါ့၊ နောက်ဆုံးတော့ သူမ ပြန်လာခဲ့ပြီ၊ အကြည့်မလွှဲစေဘဲ ပိုးပိုးပေါက်ပေါက် ကျနေသော မျက်ရည်တို့ကို ဒီတစ်ခါတော့ လွတ်လွတ်လပ်လပ် ကျစေလိုက်သည်။ ပျော်လွန်းလို့ပါ။

Billionaire's LoveWhere stories live. Discover now