Part 23(Billionaire's Love)

791 80 6
                                    

Zawgyi>>>

ဒေါက် ဒေါက်

"ဝင်ခဲ့ပါ "

စာရင်းတွေ စစ်နေရင်း တံခါးခေါက်သံနှင့်အတူ ဝင်လာသော Lisa ။

"chae ya နေ့လည်စာ သွားစားမယ် "

"သွားစားနှင့်၊ ငါခဏနေ လာခဲ့မယ် "

"အဲဒီလို ပြောတာ အခေါက်ပေါင်းမနည်းတော့ဘူး chaeng ရေ၊ ငါတစ်ယောက်ထဲ စားရပေါင်းလဲ များပြီ၊ အခုတော့ မရတော့ဘူး ထ သွားမယ် "

ပြောရင်းဆိုရင်း လာဆွဲထူနေသော သူမကြောင့် ကိုယ့်မှာ တန်းလန်း ပါသွားရသည်။

ကျောင်းပြီးသွားတော့ chae တို့နှစ်ယောက် စာပေးစာယူ တက်လိုက်ကြသည်။ တစ်ယောက်ထဲ ပုံနေသော အလုပ်တွေကြောင့် အန်ကယ်က lisa ကိုပါ company ထဲ ခေါ်သွင်းလိုက်သည်။ chae ပါ အဖော်ရအောင် ဆိုပြီးတော့။

"အို့ ဟိုမှာ irene unnie "

chae ကျောဘက်ကို ညွှန်ပြနေသော lisa ကြောင့် လှမ်းကြည့်မိလိုက်သည်။

"aww chae တို့ ခုမှ နေ့လည်စာ စားကြတာလား၊ နောက်တောင် ကျနေပြီ "

chae တို့အနားရောက်လာသော unnie ။

"ဟုတ်တယ် unnie ရေ၊ ဒါတောင် မစားသေးဘူးလုပ်နေလို့လေ သူက "

lisa ဆီသို့ မျက်စောင်းတစ်ချက် ပစ်ကျွေးလိုက်သည်။

"ဒါနဲ့ unnie က ဘယ်ကို လာတာလဲ "

company ကို အကြောင်းရှိမှသာ ရောက်လာတက်သော သူမကြောင့် မေးလိုက်သည်။ နောက်ပိုင်း chae နဲ့ အန်ကယ် တစိုက်မတ်မတ် ယုံကြည်နေကြသေးတာကြောင့် lisa နဲ့ unnie irene တို့ပါ တစ်ဖက်တစ်လမ်းက ကူညီလာကြသည်။

"သတင်းတစ်ခု ရှာတွေ့လာလို့ အန်ကယ်ဆီ လာတာ၊ "

"ဟမ် ဘာသတင်းလဲ unnie "

စာမေးပွဲ result ထွက်ခါနီး ကျောင်းသူတစ်ယောက်လို ရင်တလှပ်လှပ်။

chae အရင်ကလို နာနာကျင်ကျင် မခံစားရတော့ဘူး။ အရူးတစ်ယောက်လိုလဲ အော်မငိုတက်တော့ဘူး။ မြို့ပြင်က အိမ်လေးဆီလဲ တစ်ပတ်တစ်ခါသာ ရောက်ဖြစ်တော့သည်။

တိုက်ဆိုင်လာတဲ့ အမှတ်တရတွေကြောင့် သူမကို တမ်းတမိလာတဲ့အခါ lisa ကို ခေါ်ပြီး bar သွားထိုင်လိုက်သည်။ မူးပြီး အိပ်ပျော်သွားတော့မှ အိမ်မက်ထဲမှာ သူမကို တွေ့ရမှာလေ။

Billionaire's LoveWhere stories live. Discover now