Part 15 (Billionaire's Love)

1K 96 11
                                    

  Unnie>>
   ယောင်းငယ် ကျောင်းဆင်းရင် ကိုယ့်ကို ***** နေရာနား ပန်းခြံမှာ လာတွေ့နော် 😘

     locker ထဲမှ နောက်ဆုံးအတန်းအတွက် လိုအပ်တဲ့ စာအုပ်တွေကို ထုတ်နေတုန်း ဝင်လာတဲ့ မက်ဆေ့ခ်ျ။

   အမြဲတမ်း အချိန်တူတဲ့ အတန်းတွေဖြစ်တာကြောင့် unnie ကျောင်းပြေးပြန်ပြီထင်တယ်။ တစ်ပတ်မှာ နှစ်ရက်လောက် မပျက်ရရင် မနေနိုင်တဲ့ သူ့အကျင့်။

    လစဉ်စာမေးပွဲတွေမှာ 1 to 10 ဝင်တာမို့ ကျောင်းပျက်တာကို ခွင့်ပြုထားလိုက်တာ။ မဟုတ်လို့ကတော့ နားရွက်ကနေကို ဆွဲပြီး ကျောင်းတက်ခိုင်းအုံးမှာ။    သို့ပေမဲ့ ခုနကဝင်လာတဲ့ စာတိုလေးကြောင့် ပြုံးဖြစ်အောင် ပြုံးလိုက်မိသေးသည်။

    chae တို့နှစ်ယောက်ရဲ့ အခြေအနေကို ကြေငြာရလောက်အောင် chae သတ္တိမရှိတာကို သိသော သူမက ကျောင်းမှာဆို သူငယ်ချင်းလိုဘဲ ဆက်ဆံတက်သည်။ jae ရှေ့က လွဲရင်ပေါ့။ တကယ်ကြီး jae ကို unnie မကြိုက်ပေ။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်တွေ့ရင် မျက်လုံးတွေနဲ့ စစ်တိုက်ရသည်က အမော။

   တစ်ခါက jae နဲ့ သူမ မျက်နှာချင်းဆိုင် တွေ့တုန်းက

" chaeyoung က jennie shi ရဲ့ ချစ်သူလား "

   ထိုအခါ chae ခန္ဓာကိုယ်မှာ တောင့်ခနဲ။ ချွေးစေးတွေ ပြန်လာရသည်အထိ။ သို့သော် ဘေးနားက ပါလာသော unnie က chae ကို ကောင်းကောင်းသိသည့်အလား ချွေးပြန်နေသော chae ရဲ့ လက်ကို ဆုပ်ကိုင်ပေးလာသည်။

  " မင်းက ဘာလို့ မေးတာလဲ " chae ရှေ့ ဘယ်အခါမှ ထုတ်မသုံးဘူးသော အေးစက်စက် အငွေ့အသက်ဖြင့် သူမ။

  "jennie shi က chaeyoung ကို သူငယ်ချင်းထက် ပိုတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံနေတာ တွေ့လို့လေ "

  "အဟမ်း ဒါပေါ့ ကိုယ်နဲ့ ယောင်းငယ်နဲ့က သူငယ်ချင်းအဆင့်မှ မဟုတ်တာ "

    လန့်ဖြန့်စွာ တင်းခနဲ ဆုပ်ကိုင်လိုက်မိသော သူမလက်အစုံ။ unnie က chae ကို တစ်ချက်စောင်းငဲ့ကြည့်ပြီး jae မျက်ဝန်းတွေကို တည့်တည့်ကြည့်ကာ

   "မင်းစဉ်းစားကြည့်ပေါ့ တစ်အိမ်ထဲ တူတူနေတယ်၊ တစ်ဝိုင်းထဲ တူတူစားတယ်၊ ကျောင်းသွားကျောင်းပြန် တစ်ကားထဲ တူတူစီးတယ်၊ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြတယ်၊ အဲဒီဆက်ဆံရေးကို မင်းက ဘာထင်လို့လဲ ဟမ် "

Billionaire's LoveWhere stories live. Discover now