[Zawgyi]
🍟🍕🥪🥙🍱🍘🍵Hope (killer) စံအိမ်...
မီးထိန်ထိန်လင်းနေတဲ့ ခြံဝန်းကျယ်ကြီးထဲမှာ စားပွဲခုံတွေကို စနစ်တကျ ခင်းကျင်းထားသည်..
မြက်ခင်းပြင်ကျယ်မှာ မီးလုံးလေးတွေ မြှုပ်ထားတာကြောင့် မှောင်နေတဲ့ပတ်ဝန်းကျင်တစ်ခုလုံး နေ့ခင်းရောက်နေသည့်အလားပင်..
စားပွဲခုံတွေရဲ့ ညာဘက်ခြမ်းမှာတော့ ဘူဖေးစနစ်နဲ့ ပင်လယ်စာမျိုးစုံကို တည်ခင်းထားကာ ဘယ်ဘက်ခြမ်းမှာတော့ သောက်စရာတွေကို ချခင်းထားသည်..
အပြင်အဆင်တွေကိုလည်း မိုးပြာရောင် ပိုးသားနုတွေကို သုံးပြီး အလှဆင်ထားသည်..
သူမ..ဝိုင်၁ခွက်ကို ယူလိုက်ကာ အရသာခံသောက်လိုက်သည်..
ဒီနေ့ သူမ နိုင်ငံခြားက ပြန်ရောက်တဲ့နေ့..နားချိန်တောင်မရဘဲ ဒီ ညပါတီကို ရောက်လာရတယ်..
အဖေပြောတာတော့ စီးပွားရေးဘုရင် ရှန်ဟွေ့က ဒီစံအိမ်ရဲ့ သခင်..hope ကုမ္မဏီရဲ့ ခေါင်းဆောင်နဲ့ လက်ထပ်လိုက်ပြီတဲ့..
သူမ သိတာကတော့ Hopeရဲ့ CEOက ပိုင်ဖုန်းဟွားဆိုတဲ့ မိန်းကလေးပဲ..ရှန်ဟွေ့ဆိုတဲ့လူကိုတော့ သူမ မမြင်ဖူးသေးဘူး..
စီးပွားရေးနတ်ဘုရားလို့ တင်စားခံထားရတဲ့လူက ဘယ်လိုပုံစံနဲ့ မိန်းကလေးကို သဘောကျသွားတာလဲဆိုတာ သိချင်စရာပဲ..
သူမတင်မကဘူး..အခု ဒီပွဲမှာ ရောက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ သမီးတွေလည်း သိချင်ကြမှာပဲ..
သူတို့က မင်္ဂလာပွဲကို တိုးတိုးတိတ်တိတ်လုပ်ကြတော့ သတင်းထောက်တွေလည်း ဘာသတင်းမှ စုံစမ်းလို့မရဘူး..
အစက ရှန်ဟွေ့က အဲ့မိန်းကလေးကို သဘောမကျလို့လို့ ထင်ခဲ့ပေမယ့် အခုတော့ မဟုတ်တဲ့ပုံပဲ..
သတင်းထောက်တွေကိုပါ ဖိတ်ထားပုံပေါက်ရင် တစ်ခုခုတော့ တစ်ခုခုပဲ..
**တကယ်လို့ ငါသာ အဲ့ယောက်ျားကို သိမ်းသွင်းနိုင်ရင် ရှန်အိမ်တော်ရဲ့ စည်းစိမ်တွေက အားလုံးငါ့အပိုင်ဖြစ်လာမှာပဲ..ဘယ်ယောက်ျားမှ မိန်းမတစ်ယောက်ရဲ့ အပြုအစုကို သည်းမခံနိုင်ဘူး..အခုတော့ ရှန်ဟွေ့ရုပ်ရည်က ဘယ်လိုရှိလဲ စောင့်ကြည့်ကြတာပေါ့..***
YOU ARE READING
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...