Between Life 9

8.8K 1K 40
                                    

[Zawgyi]
🦊🦊🦊🦊🦊🦊
🌺🌺🌺🌺🌺🌺

ဖုန်းရှဲ့..အိပ်ပျော်နေတဲ့အသေးလေးကို ဖက်ထားရင်း မျက်နှာလေးကို တစ်စိမ့်စိမ့် ကြည့်နေလိုက်သည်..အသေးလေးရဲ့ မျက်ခုံးလေးတွေ..မျက်တောင်မွှေးလေးတွေ..နှာတံစင်းစင်းလေးတွေ..ပြီးတော့ ချိုမြပြီး နူးညံ့လွန်းတဲ့ နှုတ်ခမ်းသားလေး..ဒီအရာတွေက သူ့ကို အကြည့်မလွှဲနိုင်အောင် ဖြစ်စေသည်..

သူ့ရင်ခွင်ထဲက အသေးလေးကို ငုံ့ကြည့်ရင်း မသိအောင် နှုတ်ခမ်းလေးကို အသာနမ်းရှိုက်လိုက်သည်..အင်း..ဒီလိုနမ်းတာလေးကတောင် သူ့စိတ်ကို ထကြွစေတယ်..ဘာလို့လဲမသိ..ဒီရက်ပိုင်း အသေးလေးက သူ့ကို လုပ်ခွင့်မပေးပေ..

သူ..အစာငတ်နေတာ လဝက်လောက်ရှိနေပြီ.
အသေးလေး..နေမကောင်းဘူးလားလို့ တွေးရအောင်ကလည်း စားလိုက်တဲ့အစားတွေက..သူ့ခန်းမဆောင်တစ်ခုလုံးပြည့်တော့မယ်..

ဟော..လာပါပြီ..မက္မွန်သီး..ဟော..ပန်းသီး..ဟော..ပင်လယ်စာနဲ့..အစားနဲ့ လက်နဲ့ ပြတ်တယ်ကို မရှိဘူး..တွေးနေရင်း သူ့ခါးက ချိတ်ထားတဲ့တံဆိပ်ပြားဆီက လင်းလာတဲ့အရောင်လေးကြောင့် ချွေ့မင်နဲ့ ချိန်းထားတာကို..သတိရလိုက်သည်..သူဆိုတာကလည်းလေ..အသေးလေးနားရှိနေလိုက်ရင် ဘာကိုမှ သတိမရ​​တော့တဲ့အဖြစ်..

ဖုန်းရှဲ့..အသေးလေးနှုတ်ခမ်းကို ထပ်ခါ နမ်းလိုက်ရင်း ချွေ့မင်နဲ့ ချိန်းထားတဲ့..ယီမို့ကို ချုပ်ထားတဲ့ နတ်ဆိုးချုပ်နှောင်ချောက်ဆီ ထွက်လာခဲ့သည်..

ချွေ့မင်..အကိုတော့်ကို စောင့်နေရတာ ကြာတော့ စိတ်မရှည်တော့ဘူး..ဘယ်နှယ့်ဗျာ..ချိန်းတော့သူ..နောက်ကျတော့လည်း သူ..အဲ့တာဆို ငါက အစောကြီးရောက်ပြီး ဘာလုပ်နေရတာလဲ..မတ်တက်ရပ်စောင့်နေရတာပေါ့..ဝူလေးနဲ့ လုပ်နေတာလေးတောင် တစ်ဝက်တစ်ပျက်ထားခဲ့ရသေးတယ်..

သူ..အပြစ်တင်လို့ မဆုံးသေးခင်..ဝှစ်ခနဲ ရောက်လာတဲ့အကိုတော်..သူ..စိတ်တိုစွာ အနားပြေးသွားလိုက်ရင်း..
"အကိုတော်..ဘာလို့ကြာနေတာလဲ..ညီတော် စောင့်နေရတာ ဘယ်လောက်ကြာပြီလဲသိလား..ပြန်လျော်ပေး.."

"အင်း..အဲ့တာဆို ငါ့ကိုရော ဘယ်လိုပြန်လျော်ပေးမလဲ..မင်းကြောင့် အသေးလေးကို ဝအောင်မကြည့်လိုက်ရဘူး.."

စောက်ချော system(Completed)Where stories live. Discover now