[Zawgyi]
🎄🎄🎄🎄🎄🎄
🐿️🐿️🐿️🐿️🐿️🐿️ရှန်ဟွေ့..လက်ကို မြှောက်ကာ အခန်းတစ်ခုလုံးကို စည်းချလိုက်သည်..သူ့စွမ်းအင်နယ်ပယ်က အနည်းငယ် လှုပ်ခတ်သွားသည်..
အသေးလေးဆီလာရဖို့ သူ အကုန်လုံး ရင်းနှီးခဲ့ရတာ..
သူ့စွမ်းအား,တွေ ချိတ်ပိတ်ခံပြီး အသေးလေးကို လာရှာရတာ..
မတော်တဆ အသေးလေးတစ်ခုခုဖြစ်ခဲ့ရင် ကာကွယ်ပေးဖို့ စွမ်းအားမလောက်ရင်တောင် သူ့အသက်တစ်ခုလုံး ကျန်ပါသေးတယ်..
အသေးလေးကို တွေးလိုက္မိတာနဲ့ သူ့ရင်တစ်ခုလုံး နွေးထွေးသွားတာပဲ..
"ဝေ့..ခင်ဗျားကြီး ကျွန်တော်တို့ရှိမှန်းရော သတိထားမိသေးရဲ့လား.."
ထျန်းတိ..သူတို့ကို ရှေ့ထားပြီး ငုတ်တုပ် အိမ်မက် ကမ္ဘာထဲ ဝင်နေတဲ့သူကြောင့် အမြင်ကပ်စွာ ပြောပစ်လိုက်သည်..
ထျန်းလု..တိတိရဲ့ စကားကို ထောက်ခံလိုက်သည်..
"ဟုတ်တယ်..ကျွန်တော်တို့ကို ရှေ့ထားပြီး ပါးပါးကို စိတ်ကူးယဉ္နတောမလား..""ခင်ဗျား..!! တကယ်ပါးပါးအကြောင်း တွေးနေတာလား.."
ထျန်းတိ.. ပြောလည်းပြော လက်ထဲမှာလည်း သူ့လက်နက်ကို ထုတ်ကာ ရှေ့ကလူကို ချိန်ထားလိုက်သည်...သတ်ဖို့တော့ မဟုတ်ပါဘူး..ဘာပဲပြောပြော အဲ့လူက သူတို့ရဲ့ အဖေပဲလေ..
ပြီးတော့ အဲ့လူသာ ဒဏ်ရာရရင် ကြားထဲက စိတ်ထိခိုက္မယ့်သူက ပါးပါးပဲ..
သူ ပါးပါးကိုတော့ ဝမ်းမနည်းစေချင်ဘူး..
အဲ့တော့ ပါးပါးမြင်မယ့်နေရာကို သူ မထိုးတော့ဘူး..
တိ :: ~~ပိုင်လု...~~
ထျန်းတိ..ထျန်းလုကို စိတ်ချင်းဆက်သွယ်လိုက်သည်..လု :: ~~ဘာလဲ ပိုင်တိ..~~
ထျန်းလု..ရှေ့ကလူကို မျက်ချေမပြတ်သတိထားနေရင်း ပြန်ဖြေလိုက်သည်..သူ့လက်ထဲမှာလည်း သူ့လက်နက်ကို ကိုင်ထားလျက်ပေါ့..
တိ :: ~~အဲ့လူကို ဘယ်လိုလုပ်မလဲ..~~
လု :: ~~ဘာကို လုပ်ရမှာလဲ ပိုင်တိရာ..နည်းနည်း သတိပေးလိုက်ရုံပေါ့..မင်းက ပါးပါးကို မျက်ရည်ကျအောင် လုပ်ချင်နေတာလား..~~
YOU ARE READING
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...