[Zawgyi]
Sherk ကျောင်းကပွဲ.
"အား..စီနီယာကျီးရှုန်း..ချောလိုက်တာ..တွဲကလို့ရမလား...""စီနီယာက..ငါနဲ့ပဲကမှာ...နင်သွားစမ်း...စီနီယာကျီးရှုန်း..ချစ်တယ်နော်..."
ကျီးရှုန်း..မိန်းကလေးတွေရဲ့အသံကြောင့်..ဘဝင်နည်းနည်းမြင့်သွားသည်..သူခန်းမတစ်လျှောက်လိုက်ကြည့်မိသည်..တစ်စုံတစ်ယောက်ကိုတွေ့လိုတွေ့ငြား..ဒါပေမယ့်...
"သူမရောက်သေးတာလား...""ကျီးရှုန်း..ဘာတွေရှာနေတာလဲ..."
သူ့ကိုခေါ်သံကြောင့်..ကြည့်လိုက်တော့..
"ရင်းယင်..ဘယ်သူ့ကိုရှာရမှာလဲ..ဟော့ဒီက..ကိုယ့်နတ်ဘုရားမလေးကိုပေါ့..."စန်းရင်းယင်..ကျီးရှုန်းစကားကြောင့်ကျေနပ်သွားသည်...သူမခန်းမထဲဝင်လာကတည်းက..ဟိုစောက်ခြောက်ကိုမတွေ့ဘူး..ဒီနေ့..သူမအစီစဉ်အောင်မြင်မယ့်နေ့ပဲ..
"လောင်ဇူကျင့်မလာသေးဘူးလားမသိဘူးနော်.."ကျီးရှုန်းအံ့သြသွားသည်..ရင်းယင်က..ဇူကျင့်ကိုမကြိုက်ဘူးမဟုတ်ဘူးလား..
"ဘာလို့လောင်ဇူကျင့်ကိုမျော်နေတာလဲ..""အော်..ဘာရယ်မဟုတ်ပါဘူး..သူ့လိုအဆင့်တန်းနိမ့်လို့သတ်မှတ်ခံထားရတဲ့သူတောင်းစားက.ရုတ်တရက်..လောင်မျိုးနွယ်သခင်လေးဖြစ်သွားတော့..အံ့သြလို့ပါ..ပြီးတော့..သူနဲ့ပြောစရာလေးရှိလို့..."
ကျီးရှုန်း..ခေါင်းညိမ့်ကာ..သူ့လက်ဖဝါးကို..ရင်းယင်ရှေ့ကမ်းပေးလိုက်သည်..
"အင်း..ဒါနဲ့..ရင်းယင်..ကိုယ့်တွဲဖက်ကဖော်ဖြစ်ပေးနိုင်မလား.."စန်းရင်းယင်..ကမ်းလာတဲ့လက်ကို..ကိုင်လိုက်ကာ.. အရိုသေပေးလိုက်ရင်း..
"လက်ခံတာပေါ့ရှင်..."သူတို့၂ယောက် ခန်းမအလယ်ကိုလျောက်လာလိုက်ကာ..စုံတွဲအက ကလိုက်ကြသည်..
လူအားလုံးရဲ့အကြည့်တွေက..သူတို့ဆီ.ဝဲပျံနေလျက်"သူတို့၂ယောက်က..လိုက်ဖက်လိုက်တာနော်.."
"အေးနော်.."
ကျီးရှုန်း..သူတို့အတွဲပေါ်ပြောတဲ့စကားကြောင့်..ပျော်သွားသည်..ဒါပေမယ့်..ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားတာကြောင့်..သူ..ကနေတာကိုရပ်လိုက်ကာ
လူတွေကြည့်နေတဲ့ခန်းမဝင်ပေါက်ကို..လှမ်းကြည့်လိုက်သည်..
ဝင်လာတဲ့သူက..ကောင်းနျန် နဲ့ လောင်ဇူကျင့်..
အနီရောင်ကုတ်အင်္ကျီရယ်..နက်ကတိုင်အမည်းလေးနဲ့..ပနံသင့်နေသည်..ဆံပင်ကိုရှေ့အဖျားလေးချထားပြီးတော့..ဘာမှမလိမ်းထားတဲ့မျက်နှာလေးက..မိန်းကလေးတွေရဲ့စိတ်ကူးထဲက..မင်းသားလေးပုံစံပင်..
VOUS LISEZ
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...