[Zawgyi]
ကျီးရှုန်း..ဒီနေ့ကျောင်းကိုစောစောလာလိုက်သည်..
ကျောင်းရောက်တာနဲ့..စန်းရင်းယင်ကို..အရင်လိုက်ရှာလိုက်သည်..မနေ့က..မြို့ထဲမှာကျူးကျော်သူတွေရောက်နေကြတယ်လို့သတင်းကြေညာတာကြောင့်..ကျောင်း၁ရက်ပိတ်ထားတယ်လေ..
သူ့ဆီမှာ..စန်းရင်းယင်ph.noလည်းမရှိဘူး.. သူph..noတောင်းတိုင်း..စကားလွှဲလွှဲသွားတဲ့သူမကြောင့်..သူလည်းမတောင်းဖြစ်ပေ..
ကျောင်းကပွဲနေ့က ကိစ္စကို သူသိချင်လို့..သူမကိုလိုက်ရှာနေတာ..အဲ့နေ့က..သူမဝိုင်ခွက်ထဲဆေးရည်ထည့်လိုက်ပြီး..ကိုင်ကာထွက်သွားတာကြောင့်နောက်ကလိုက်ကြည့်ခဲ့သည်..သူမက..အဲ့ဝိုင်ခွက်ကို..လောင်ဇူကျင့်ကိုပေးလိုက်တာ..မြင်ခဲ့သည်..ဝိုင်သောက်ပြီးတာနဲ့..မေ့လဲသွားတဲ့လောင်ဇူကျင့်ကို..အဝတ်မဲနဲ့သူကခေါ်သွားသည်..
အဲ့အချိန်က..သူမမျက်နှာပေါ်ကအပြုံးက..သူမြင်နေကြ..ချိုသာတဲ့အပြုံးမဟုတ်ခဲ့ဘူး..သူမယုံနိုင်ဘူး..သူကြိုက်နေတဲ့မိန်းကလေးက..ဒီလောက်အောက်တန်းကျမယ်လို့..
သူဝန်ခံပါတယ်..သူလည်း..လူကောင်းမဟုတ်ဘူးဆိုတာ..လောင်ဇူကျင့်ကိုဆေးခတ်ပြီး..သူဌေးအိုကြီးတွေအခန်းထဲပို့ဖို့စိတ်ကူးရှိပေမယ့်..သူ့စိတ်ကူးကိုရပ်ပစ်လိုက်သည်..
အဲ့ကောင်လေးက..သူ့အပေါ်ဘာမှမလုပ်ထားတာ.. အဲ့တာကို..သူကဘာလို့..အဲ့လိုလုပ်ရက်ရမှာလဲ..
သူနောင်တရပါပြီ..
ထိုစဉ်..သူ့အကြည့်တွေက..ကျောင်းပန်းခြံခုံပေါ်မှာထိုင်နေတဲ့သူဆီရောက်သွားသည်..သူ့ခြေလှမ်းတွေကိုလည်း..ခုံပေါ်မှာထိုင်နေတဲ့..စန်းရင်းယင်ဆီ..ဦးတည်လိုက်သည်..စန်းရင်းယင်..ခုံတန်းမှာထိုင်နေရင်း..သူမရှေ့ရပ်လာတဲ့ခြေထောက်တစ်စုံကြောင့်..မော့ကြည့်လိုက်သည်.. ဒါပေမယ့်..မြင်လိုက်ရတဲ့သူကြောင့်..သူမမျက်မှောင်ကြုံ့လိုက်မိသည်..
"ဘာလာလုပ်တာလဲ..ကျီးရှုန်း..""မင်းကိုမေးစရာရှိလို့ပါ..မင်းကျောင်းကပွဲနေ့က..လောင်ဇူကျင့်ပေါ်..ဘာလို့အဲ့လိုလုပ်တာလဲ..ဘာလို့ဆေးခတ်လိုက်တာလဲ..."
သူမ..ကျီးရှုန်းစကားကြောင့်..ထိတ်လန့်သွားသည်..
*သူ..ဘယ်လိုလုပ်သိသွားတာလဲ..သိသွားလည်းကိစ္စမရှိဘူး..လောင်ဇူကျင့်က..ပြန်လာနိုင်တော့မှာမှမဟုတ်တာ..*
သူမ..စိတ်ကိုပြန်ထိန်းချုပ်လိုက်သည်..
"အဲ့တော့ဘာဖြစ်လဲ..သူမရှိရင်..ကျွန်မလည်း..ထိုက်ချင်ကွမ်းကိုရမှာ..ပြီးတော့..ရှင့်လိုလူက ကျွန်မနဲ့ထိုက်တန်တယ်ထင်နေလား..ကျွန်မအတွက်အသုံးဝင်နေသေးလို့သာ..သည်းခံနေတာ..ဒါတောင်ရှင့်အတွက်ကံကောင်းလွန်းနေပြီ.."
KAMU SEDANG MEMBACA
စောက်ချော system(Completed)
Fantasiကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...