[Zawgyi]
"အား...ဒုန်း...ခလွမ်း....သတ်ချင်တယ်...ငါ...သူ့ကိုသတ်ချင်တယ်...ဝမ်ရှင်းအယ်...မင်းကို...ငါ..သတ်ချင်တယ်....အား..."
ဖုန်းရဲ့...ဝမ်ရှင်းအယ်ရဲ့လုပ်ရပ်ကြောင့်...ဒေါသထွက်ကာ...ကလပ်လာပြီးသောင်းကျန်းလိုက်သည်....
သူ...ဝမ်ရှင်းအယ်ကို...မနာလိုဘူး...ငယ်ငယ်တည်းက...လိုချင်တာရတဲ့ဘဝမျိုးနဲ့နေခဲ့ရတယ်...ရုပ်ရည်..ပညာရေး...စည်းစိမ်...ဘာကိုပဲကြည့်ကြည့်...သူ့ထက်အမြဲတမ်းသာနေတယ်..."ဘာလို့လဲ...ဘာလို့သူက...ငါ့ထက်ချမ်းသာနေရတာလဲ...ငါလိုချင်တယ်...အား...ဒုန်း..."
သူငယ်ငယ်က...လိုချင်တာမှန်သမျှ..အမေက..မဝယ်ပေးနိုင်ခဲ့လို့...သူငယ်ချင်းတွေကြား...မျက်နှာငယ်ခဲ့ရသည်...တစ်နေ့...အမေက...သူ့အဖေဆီသွားကြမယ်...မင်းအဖေက...အရမ်းချမ်းသာနေပြီ..ဆိုတော့...အရမ်းပျော်ခဲ့တယ်...ဒီဆင်းရဲကနေ..လွတ်ပြီထင်ထားတာ...ဟိုရောက်တော့...မြင်လိုက်ရတဲ့တိုက်ကြီးကြောင့်...သူ..အရမ်းပျော်ခဲ့တယ်...ဒါပေမယ့်...သူ့စိတ်ကို...တစ်စစီပြိုကွဲအောင်လုပ်ခဲ့တာက...အဲ့အရာတွေက...သူပိုင်မယ့်ဟာတွေမဟုတ်ဘဲနဲ့...ဝမ်ရှင်းအယ်ဆိုတဲ့...သူ့အဖေရဲ့သားပိုင်တယ်ဆိုတာပဲ...
သူ့အဖေရဲ့မိန်းမက...သူတို့ကိုမြင်တာနဲ့...နှင်လွှတ်ဖို့...အဖေနဲ့စကားများကြတယ်...သူတွေးမိလိုကျတယ်..ဒီမိန်းမကြီးမရှိရင်...ပစ္စည်းတွေအားလုံးသူ့အဖေပိုင်မယ်ပေါ့...အဲ့တာနဲ့...အဲ့မိန်းမကို..လှေကားကနေ..တွန်းချပစ်ခဲ့တယ်...ဒါပေမယ့်...သူ့မျော်လင့်ချက်တွေ..ပြိုကွဲသွားခဲ့ရတယ်...အမွေစာချုပ်မှာ..ဝမ်ရှင်းအယ်အပိုင်ဆိုပြီး...လက်မှတ်ထိုးပြီးသားတဲ့
သူ..ဝမ်ရှင်းအယ်ကိုနှိပ်စက်ခဲ့သည်..ဝမ်ရှင်းအယ်..ဒေါသထွက်ပြီး...သူ့ကို..လုပ်လေလေ...အများအမြင်မှာ..သူ့ကိုသနားလေလေပဲ...ဝမ်ရှင်းအယ်က..တော်တော်ကံကောင်းတယ်...ကားတိုက်အောင်လုပ်တာ..မသေခဲ့ဘူး...ကိစ္စတော့မရှိပါဘူး...အများအမြင်မှာ...ဝမ်ရှင်းအယ်ကို...လူဆိုးလို့မြင်အောင်...သူလုပ်ခဲ့ပြီးပြီပဲ....
ဒီနေ့...ဝမ်ရှင်းအယ်...သူ့ပေါ်လုပ်ခဲ့တာတွေ..သူ..လက်စားပြန်ချေပြမယ်..."ဖန်းရဲ့...အိမ်က..ဟိုခြေကျိုးနဲ့..ရန်ဖြစ်လာပြန်ပြီလား..."
YOU ARE READING
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...