[Zawgyi]
၆နှစ်ကြာသော်
တရုတ်နိုင်ငံ J City ရဲ့ မှောင်ခိုဈေးကွက်တစ်ခုတွင်."ဟေ့ကောင်..မြန်မြန်လုပ်ကွ..ခေါင်းဆောင်ခိုင်းတာ မပြီးရင် မင်းရော ငါရော အသေပဲ.."
"သိပါတယ်ကွာ..ငါတို့ ဒီဆေးထုတ်တင်ပြီးရင် ပြီးပြီ. ခေါင်းဆောင်ကလည်း ဘာလို့ မ ဘက်ပါနေမှန်းမသိဘူး..ငါတို့အလုပ်က ဒီဟာတွေမှမဟုတ်တာကို.."
"မတတ်နိုင်ဘူးကွာ..ခေါင်းဆောင်ရဲ့ ကြင်ဖော်လောင်းဆိုတော့လည်း ခိုင်းတိုင်းလုပ်ရတာပေါ့..ရပြီလား..
သွားမယ်..""ပြီးပြီ.."
"ဒီမှာ ကြည့်..ငါ မနေ့က ပြတိုက်ကနေ ခိုးလာတဲ့ပစ္စည်း..အရမ်းလှတာပဲကွ.. လက်စွပ်လေးက .ကျောက်စိမ်းပြာရောင်လေး.."
"လှပါတယ်ကွာ..သေချာလည်း သိမ်းထားဦး..ဒီပစ္စည်းနောက်ကို ဟိုအနံ့ခံခွေးလိုက်နေတယ်ကြားတယ်..မိလို့ကတော့ ခေါင်းဆောင်ကယ်မယ်မထင်နဲ့."
"အေးပါကွာ..ကဲ..ပစ္စည်းတင်ပြီးရင် သွားမယ်..ဟိုအနံ့ခံခွေးက သူ့နာမည်ကြားပြီး ရောက်လာဦးမယ်."
သူတို့၂ယောက် တဟားဟားရယ်လိုက်ကြကာ.. ဖြန့်ရမယ့်ဆေးတွေ နဲ့ လက်နက်တွေကို ကားပေါ်တင်လိုက်တယ်..သိပ်မကြာခင် ကျွီကနဲမြည်သွားကာ သူတို့ကားနားကို နောက်ဆုံးပေါ်Lamborghini ကားတစ်စီးရပ်ကာ လူ၁ယောက်ဆင်းလာသည်..သူတို့ကားကို သားရေကျနေတုန်း ဆင်းလာတဲ့လူကိုလည်း မြင်ရော အသံတိတ်ဆဲလိုက်မိသည်..
*ချီးပဲကွာ..ဘာလို့ အနံ့ခံခွေးကြီးနဲ့ တွေ့နေရတာလဲ..ငါတို့တော့ ကံဆိုးပါပြီ..* သူတို့ ၁ယောက်နဲ့၁ယောက် မျက်စောင်းလှမ်းထိုးလိုက်ကြသည်..
YOU ARE READING
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...