[Zawgyi]
"ဟပ်ချိုး...ဟပ်ချိုး..!"
"အကိုနေထရယ်..ဘာဖြစ်တာလဲ..နေမကောင်းဘူးလား.."
"မီးကပ်စ်ပါလား..ဘာမှမဖြစ်ဘူး..ကြည့်ရတာဟိုအဝေးက ချစ်သူလေးက ကိုယ့်ကိုလွမ်းနေတာနေမှာ"
မီးကပ်စ်..အကို့စကားကြောင့် ရယ်လိုက်ကာ..
"အကိုက ယုံကြည်ချက်ရှိလှချည်လား..ချစ်သူတောင်မဖြစ်သေးဘဲနဲ့..လာပါ..အဖေခေါ်နေတယ်.." လို့ပြောလိုက်ကာ..ရပ်နေတဲ့အကို့လက်ကိုကိုင်ကာသူ့အဖေဆီ ဆွဲခေါ်လာလိုက်သည်..သူတို့..အဖေ့ဆီရောက်နေတာ ၃ရက်ရှိပြီ..သူအဖေနဲ့ပြန်တွေ့တာအရမ်းဝမ်းသာပေမယ့်..အကိုနေထရယ်ပြောလာတဲ့စကားကြောင့်..အပျော်တွေပျောက်ဆုံးသွားရသည်..
သူ့လိုဟန်ဆောင်ပြီး goldအဖွဲ့ကို ရောက်လာတဲ့သူရှိတယ်တဲ့..သူ့အဖေဆို..အဲ့အကြောင်းလည်းသိရောသွားသတ်မယ်တကဲကဲလုပ်နေလို့.. မနည်းတားလိုက်ရတယ်..ပြီးတော့မှ..ငိုကြီးချက်မနဲ့..
"အဖေ့အပြစ်ပါ..အဖေ့အပြစ်ပါကွာ..သားလေးကိုဖွက်မထားသင့်ဘူး..နည်းနည်းလူလုံးထွက်ပြတာလောက်တော့လုပ်ပေးသင့်တာ..ဟိုကောင်စီဆာက ငါ့သားကိုတောင် မမှတ်မိဘူးလားကွာ..တွေ့လို့က တော့ ရိုက်ပစ်ဦးမှာ.." ဆိုပြီး ပြောလာလေသည်..
ပြန်စဉ်းစားနေရင်း..သူ့ရင်တွေနာလာတယ်..နှလုံးပေါက်ထွက်မတတ်ဘဲ..သူ့ရောဂါကြောင့်..စိတ်ထိခိုက်လို့မဖြစ်ဘူးဆိုပေမယ့်..ဒီအခြေနေက..သူ့ကိုဝမ်းနည်းစေတယ်..
*ကိုကို..အဆင်ပြေနေရဲ့လား..ညီ့ကိုတောင် မမှတ်မိတော့ဘူးလားကိုကိုရယ်..*"သားလေး..မီးကပ်စ်..အသဲတုံးလေး.."
"မီးကပ်စ်...မီးကပ်စ်.."
သူ..အတွေးလွန်နေရာက..သူ့ပုခုံးကိုလှုပ်ကာ..ခေါ်လာတဲ့အကိုနေထရယ်ကြောင့်..သတိပြန်ဝင်လာသည်..အဲ့တော့မှ..သူ့အဖေအခန်းထဲရောက်နေပြီမှန်း သတိထားမိလိုက်တယ်..သူ့ရှေ့မှာ..
အဖေက..စိုးရိမ်စွာ ကြည့်နေသည်..သူ..အဖေ့ကိုပြုံးပြလိုက်ကာ.."Sorry ဖေဖေ..သား အတွေးလွန်သွားလို့..ဖေဖေ.. ကျွန်တော့်တို့ကို ဘာပြောမလို့ခေါ်တာလဲ.."
YOU ARE READING
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...