[Zawgyi]
🐰🐰🐰🐰🐰🐰
🥕🥕🥕🥕🥕🥕ချွေ့မင်..သူ့တူလေး၂ယောက်ရဲ့ အပြုမူကြောင့် သူ့ကိုယ်သူတောင် သံသယဝင်သွားမိသည်..
ငါက ဘာဖြစ်နေလို့လဲ..ငါ ပြုံးတာ မပီသလို့လား..
ချွေ့မင်..ဒီလိုပဲ စဉ်းစားမိလိုက်ကာ နောက်တစ်ခါ ထပ်ပြုံးလိုက်သည်..
"တူလေးတို့..""... ... ..."
သူ..ရလိုက်တာက တူလေးတွေရဲ့ အန်ချင်နေတဲ့ပုံစံကိုပဲ..
သူ ပြုံးတာ အဲ့လောက် မကောင်းလို့လား..ခါတိုင်း ဝူလေးကို ပြုံးပြတာ ဘာမှမဖြစ်ပါဘူး..
"ခွီ...!!ဟ..ဟ..တောင်းပန်ပါတယ်..ကျွန်မ မထိန်းနိုင်တော့လို့.."
အန်းညန်..သူမပါးစပ်ကို ပိတ်ကာ မျက်နှာကို တစ်ဖက် အမြန်လှည့်လိုက်သည်..
နတ်ဘုရားချွေ့မင်က သူ့မကို မျက်စောင်းထိုးကြည့်နေတယ်လေ..
Moon..ဒီအဖြစ်ကြောင့် ရယ်ချင်စိတ်ကို မနည်းတောင့်ခံထားရသည်..
"အဟမ်းး!! အဟမ်းး ချွေ့မင်..ဟိုဘက်ခနသွားနေနော်..ကျွန်တော်ပဲ သခင်လေး ပေါက်စ၂ယောက်ကို မေးလိုက္မယ်.."
ရှောင်လင်..ပြုံးစိစိမျက်နှာပေးနဲ့ ပြောလိုက်သည်..သူ ရယ်လို့မရမှတော့ ဒီလိုဖြစ်နေတာ လက်ခံလို့ရပါတယ် ဟုတ်တယ်မလား..
ချွေ့မင်..သူ့ကို ရယ်ချင်နေတဲ့ ဝူလေးကို စိတ်မဆိုးရဲပေ..အဲ့ဒီအစား ဒေါသအကုန်လုံးကို မျက်စောင်းအဖြစ်ပြောင်းကာ နတ်ဘုရားမအန်းညန် နဲ့ moonကို စွေကြည့်လိုက်ရင်း ဝူလေးအတွက်နောက်ဆုတ်ပေးလိုက်သည်..
ပိုင်တိ နဲ့ ပိုင်လု သူတို့ရှေ့ လာရပ်တဲ့လူကို မော့ကြည့်လိုက်သည်..
သူတို့ ဒီလူကို သိတယ်..ပါးပါးအပေါ် အကောင်းဆုံးနတ်ဘုရားပဲ..နတ်ဘုရားပိုင်လင်..
အဲ့တာဆို နောက်၂ယောက်က ပါးပါးကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ကံကြမ္မာနတ်ဘုရားမနဲ့ Moonပဲ ဖြစ်မယ်..
ပါးပါးအပေါ်ကောင်းခဲ့မှတော့ သူတို့ နှုတ်ဆက်ရမှာပေါ့..
"မင်္ဂလာပါ..ဦးဦးပိုင်လင်..ပြီးတော့ အန်တီအန်းညန်နဲ့ Moon" (×2)
BINABASA MO ANG
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...