Arc7(7.1)ရမ်ကာစီ ဘဝ

14.4K 1.6K 58
                                    

[Zawgyi]

"အားး ဒီSystemကတော့ တကယ့်ကို ထုံးစံအတိုင်းပဲ..နာလိုက်တာFuck..!!"

{Host...ဘေးဘီလေးလှည့်ကြည့်ဦး..}

မင်းယွမ်..moon စကားကြောင့် ဘေးကိုလှည့်ကြည့်လိုက်တော့ ပါးစပ်အဟောင်းသားနဲ့ သူ့ကို ကြည့်နေ
ကြတဲ့လူ၁စု..နေပါဦး..သူတို့ခေါင်းပေါ်မှာ ဘာတွေလဲ..နားရွက်တွေလား..နောက်မှာလည်း အမြီးတွေနဲ့..ဘာတွေလည်းဟ..မင်းယွမ် ကြောင်သွားကာ သူရောက်နေတဲ့နေရာကို လှည့်ပတ်ကြည့်လိုက်သည်..၁၅ပေ ပတ်လည်အခန်းထဲမှာ လူတွေ...မဟုတ်ဘူး လူလို့ပြောမရဘူး ဘာတွေမှန်းမသိတဲ့သူတွေနဲ့ သူ ထိုင်နေရတာ တွေ့လိုက်တယ်.. လည်ပင်းမှာလည်း သံကြိုးတွေခတ်ထားကာ ခြေထောက်ရော လက်မှာပါ သံကြိုးတွေနဲ့ ဆက်ချည်ထားသည်..မင်းယွမ် သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်တော့လည်း သူတို့လိုပဲ သံကြိုးခတ်ခံထားရတာကို တွေ့လိုက်တယ်..Moon ကို မှတ်ဥာဏ်ပို့ခိုင်းဖို့ပြင်လိုက်စဉ် သူ့အနားကပ်လာတဲ့အရိပ်တစ်ခု..

"ဟေ့..မင်းက စကားပြောတတ်တယ်လား..ဒါနဲ့ မင်းက ဘယ်မျိုးနွယ်ကလည်း..ငါက အယ်လီကာ ကြောင်မျိုးနွယ်က..မင်းနားရွက်တွေကြည့်ရတာတော့ မြေခွေးမျိုးနွယ်ကထင်တယ်..ဟေ့..စကားပြောဦးလေ.."
အယ်လီကာ..သူ့ကို နားမလည်သလိုကြည့်နေတဲ့ကောင်ချောလေးကို တိုက်တွန်းလိုက်သည်..ဒီကောင်လေး သူတို့ဆီ ရောက်လာတာမကြာသေးဘူး..ရောက်ကတည်းက ဒဏ်ရာတွေနဲ့ကြောင့် ဆေးကုသပေးပြီး ဒီထဲသွင်းခံရတာ ၁ပတ်ပဲရှိသေးတယ်..ဒါပေမယ့် စကားမပြောတတ်တဲ့ဒီကောင်လေးကြောင့် ဟိုလူတွေ စိတ်ပျက်သွားတာ သူ တွေ့လိုက်တယ်..ဒါပေမယ့်လည်း ရောင်းစားခံရမှာက ခံရမှာပဲ..စကားမပြောတတ်လည်း အလှနတ်ဘုရားလို လှနေတဲ့ ဒီကောင်လေးကြောင့် ဈေးကောင်းရမှာသေချာတယ်..

"ဟို..ဒီနေရာက ဘာလဲဟင်.."
မင်းယွမ်..သူ့ကို စကားလာပြောတဲ့ကြောင်မျိုးနွယ်ကဆိုတဲ့ကောင်လေးကို မေးလိုက်တော့ သူ့ကို မျက်လုံးပြူးကြည့်နေသည်..

"မင်း..မင်း ဒီနေရာက ဘာလဲမသိဘူးလား..ရောက်တာဖြင့် ၁ပတ်တောင်ရှိနေပြီကို.."
အယ်လီကာ မယုံကြည်နိုင်စွာ အသံထွက်သွားသည်..မေးတဲ့သူကို ကြည့်လိုက်တော့လည်း မျက်နှာငယ်လေးနဲ့..အထီးဖြစ်နေတာတောင် ဒီလောက်လှနိုင်ရက်လွန်းတယ်..သူ့မျိုးပွားအဂါင်္တောင် ထောင်လာသလိုပဲ..
"အဟမ်း..ပြောရရင် ဒီနေရာက မှော်သတ္တဝါမှောင်ခိုဈေးပဲ..လူသားတွေက ငါတို့လို မှော်သတ္တဝါတွေကို ခိုးဖမ်းပြီးရောင်းကြတာ..ငါတို့ကို အာသာဖြေဖို့သုံးရင်သုံး မဟုတ်ရင် သတ်ပြီး ငါတို့အမြုတေနဲ့ ဆေးဖော်ချင်ဖော်ကြမှာ..မှော်သားရဲခေါင်းဆောင်က ဒီဖြစ်ရပ်တွေကို မသိသေးဘူး..သူက အခုချိန်မှာ စွမ်းအင်ထပ်ဆင့်နိုးထတဲ့အချိန်ဆိုတော့ အိပ်စက်နေတာ နှစ်၄၀ရှိပြီ..ဒါကို ငါပဲသိတာ..ငါ့အမေက မြေခွေးခေါင်းဆောင်ရဲ့ အနီးကပ်ပြုစုပေးရတဲ့သူလေ..ဟမ့်..အကျင့်မကောင်းတဲ့လူသားတွေက မှော်သားရဲခေါင်းဆောင် အိပ်စက်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ငါတို့ကို ရောင်းစားနေကြတာ..လူသားတွေရဲ့ ဘုရင်တောင် မသိဘူး.."

စောက်ချော system(Completed)Donde viven las historias. Descúbrelo ahora