[Zawgyi]🌺🌺🌺🌺🌺🥀🥀
"ဝူလေး..မနေ့က..မင်း လုပ်တာ အရမ်းနာတာပဲကွာ..နောက်ကျ လျော့လုပ်ပေးပါလား.."
"မရပါဘူး..ဒီလိုမျိုးက လျော့လို့မှမရတာ..နာမှ ကောင်းတာ..မကောင်းဘူးလား.."
"ကောင်းတော့ ကောင်းတယ်လေ..ဒါပေမယ့် ငါ့ကျောတွေ နာနေတယ်ကွ..တော်ပြီ..နောက်တစ်ခါ မလုပ်တော့ဘူး...လာမထိနဲ့.."
"အဲ့လိုမရဘူးလေ..မင်းမှ မလုပ်ပေးရင် ကိုယ်က ဘယ်သူ့သွားလုပ်ပေးရမှာလဲ..နောက် သာသာလေး လုပ်ပေးမယ်လေ..နော်.."
"ပြီးတာပဲ..ဝူလေးကို ချစ်လွန်းလို့သာ ခံတာနော်..မဟုတ်ရင် ဆောင့်ကန်ပြီးပြီ.."
"ဟုတ်ပါပြီ..အဲ့တာကြောင့် ကိုယ်က ချွေ့မင်ကို ချစ်နေတာပေါ့.."
"အပြောကောင်းတယ်.."
"ဒါပေါ့..ချွေ့မင်ချစ်သူပဲလေ.."
ယီမို့ သူ့ရှေ့က ၂ယောက်ပြောနေတာကို ကြားပြီး မျက်နှာကြီးရဲတက်လာသည်..သူ့ဘေးက ဖုန်းရှဲ့ကတော့ ခါတိုင်းလိုပဲ မျက်နှာသေနဲ့..အခု သူ ချွေ့မင်ရဲ့ စနစ်ကို ကူဆောက်ပေးဖို့ ချွေ့မင်နန်းဆောင်ဆီ ရောက်နေခြင်းဖြစ်သည်..စနစ်ကို ဆောက်နေတာ နှစ်၂၅၀၀ ရှိပြီ..ကြားထဲမှာ ချွေ့မင် နဲ့ ဝူလေးတို့ လက်တွဲဖော်တွေ ဖြစ်သွားလေသည်..အဲ့ကတည်းက သူ့မှာ အိပ်ကောင်းချင်း မအိပ်ရ..အလုပ်ကောင်းကောင်းမလုပ်ရနဲ့..ဒီအတွဲ၂ကောင်က သူ့ရှေ့လာပြီး ချစ်ပြနေကြတာလေ..
"ချွေ့မင်..ဒီနေ့ နောက်တစ်နည်းပြောင်းရအောင်..မနေ့က နည်းက သိပ်မမိုက်ဘူး.."
"ကောင်းသားပဲ..ကိုယ်လည်း မကြိုက်ဘူး..နာတယ်.."
"တော်ကြပါတော့ကွာ..ငါ့ရှေ့လာပြီး နားရှက်စရာတွေ လာပြောနေကြတာ..သွား..ဟိုဘက်သွားပြောကြ.."
ယီမို့..သည်းမခံနိုင်စွာ ၂ယောက်ကို မောင်းထုတ်လိုက်သည်..တကယ်တည်း ရှေ့က ထိုင်နေတဲ့သူ့ကိုမှ အားမနာ..ပိုင်လင် နဲ့ ချွေ့မင်..ယီမို့အပြောကြောင့် မအူမလည်ဖြစ်သွားသည်...အချင်းချင်း မျက်နှာချင်းဆိုင်နေရာကနေ ယီမို့ဘက်လှည့်ကာ..
"မင်းက ဘာတွေပြောနေတာလဲ...ဘာနားရှက်စရာတွေလဲ.."
YOU ARE READING
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...