[Zawgyi]
"မုကျိုး..ငါ့အဝတ်စားတွေ ဝတ်ပြီး ဘယ်သွားမလို့လဲ ဒါနဲ့ဆို ၂ခါရှိပြီနော်.."
ယင်လျို့.သူ့ရဲ့ဒုစစ်သူကြီးဝတ်စုံကို ဝတ်နေတဲ့မုကျိုး ကို မေးလိုက်တော့..သကောင့်သားက သူ့ကို မသိချင်ယောင်ဆောင်ကာ ဝတ်လက်စကို ဆက်ဝတ်နေတယ်..ကြာတော့ ယင်လျို့..စိတ်မရှည်တော့ဘဲ ဘောင်းဘီဝတ်နေတဲ့မုကျိုးလက်ကို ကိုင်လိုက်တော့ ဘောင်းဘီလေးက ပလုံဆိုပြီး ပြုတ်ကျသွားတယ်..ယင်လျို့မျက်စိထဲဝင်လာတာက ဟိုကောင့်ရဲ့ထောင်မတ်နေတဲ့ညီဖွားကြီး.."ကျွတ်..."
မုကျိုး..စုပ်သတ်လိုက်ကာ..ဘောင်းဘီကို ပြန်ကောက်ဝတ်လိုက်ပြီး ယင်ဝင်မလိုဖြစ်နေတဲ့ယင်လျို့ပါးစပ်ကို ပိတ်ရိုက်လိုက်သည်..အဲ့တော့မှ အသိဝင်လာကာ.."အ့..ခွေးကောင်..ငါ့ပါးစပ်ကို ဘာလို့လာရိုက်တာလဲ..နာတယ်ကွ.." လို့ ပြောကာ ယင်လျို့ သူ့နှုတ်ခမ်းသူပွတ်လိုက်ပြီးမှ..
"နေစမ်းပါဦး..မနက်စောစော တောင်နေရအောင် မင်း ဘာတွေစဉ်းစားနေတာလဲ..ကြည့်ပါဦး..တာဆူနေတာမှ တလှုပ်လှုပ်နဲ့..ပြီးတော့ ငါ့စစ်တပ်ဝတ်စုံဝတ်
ပြီး ဘာလုပ်မလို့လဲ.."မုကျိုး..ခါးစည်းကြိုးကို ပတ်လိုက်ပြီးမှ သိချင်နေတဲ့မျက်လုံးတွေနဲ့ ခွေးကောင်လေးကို မှင်သေသေကြည့်လိုက်ကာ..
"အသေးလေးဆီ သွားတွေ့မလို့..." လို့ ဖြေလိုက်တော့ ခေါင်းကုတ်ကာ.."အိမ်ရှေ့စံကို သွားတွေ့တာနဲ့ ငါ့ဝတ်စုံနဲ့ဘာဆိုင်လို့
လဲ..ငါမေးတာ ငါ့ဝတ်စုံနဲ့ ဘာလုပ်မလို့လဲလို့မေးတာလေ.." လို့ ယင်လျို့ နားမလည်စွာမေးလိုက်တယ်..သူ့သူငယ်ချင်း ရူးသွားတာလားဆိုပြီး အထက်အောက်သေချာစစ်ဆေးလိုက်တော့ သူ့ခေါင်းကို လာခေါက်တဲ့မုကျိုး..
"အ့..ခေါက်ပြန်ပြီ..မင်းမေမို့ လာခေါက်နေတာလား နာတယ်ကွ.."
သူ့အသားမဟုတ်တိုင်း..သူငယ်ချင်းခေါင်းကို လာလုပ်နေတာ..ကြည့်မရချင်တော့ဘူးနော်..မုကျိုး..အကဲပိုနေတဲ့သူ့သူငယ်ချင်းကိုကြည့်ပြီး ခေါင်းရမ်းလိုက်ကာ..
"ငါ ပြောတယ်လေ..အသေးလေးကို သွားတွေ့မလို့
လို့..သူက ငါ့ကို အတွေ့မခံတော့ မင်းလို ဟန်ဆောင်သွားမလို့..ပြီးတော့ မာန်ထနေတဲ့ဟာလေးကိုလည်း ဖြေရှင်းမလို့..ညီလာခံပြီးကတည်းက မတွေ့ရ
တာ ၃ရက်ကြီးများတောင် ရှိနေပြီ.." လို့ ပြောလိုက်
တယ်..ဟုတ်တယ်..အသေးလေးက သူ့ကို နန်းဆောင် ဝင်ခွင့်ကို မပေးဘူး..သွားတိုင်း မောင်းထုတ်နေတာ..သူ့ညီလေးကို တစ်ကိုယ်တော်အလုပ်လုပ်ပေးလည်း လွယ်လွယ်နဲ့ မာန်မကျတော့ မတတ်နိုင်ဘူး
.အသေးလေးစိတ်ဆိုးလည်း ဆိုးပလေ့စေတော့..သူ တွင်းအောင်းချင်လာပြီ..ကြားထဲ အိမ်တော်က ဟိုကောင်က သူ့နားလိုက်ကပ်နေလို့ အစေခံက အစေခံလိုမနေဘူးဆိုပြီး အပြစ်ပေးထားလို့ ဒီနေ့တော့ သူ့ဆီရောက်မလာဘူး..အဲ့တာကြောင့် ဒီနေ့က သာယာနေတာ..
VOUS LISEZ
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...