Arc5(5.12)Final

15.2K 1.8K 50
                                    

[Zawgyi]

လမုန့်ပွဲတော်..

ပြည်သူပြည်သားတွေအားလုံး ဒီနေ့မှာ ပျော်ရွှင်နေကြတယ်..ဘာလို့ဆို ဒီနေ့က သူတို့တိုင်းပြည်ရဲ့ လမုန့်ပွဲတော်နေ့ဖြစ်သလို အိမ်ရှေ့စံရဲ့ လက်ထပ်ပွဲနေ့
လည်းဖြစ်တယ်..မနက်လင်းကတည်းက တစ်မြို့လုံး ဗျောက်အိုးဖောက်သံတွေနဲ့ ဆူညံလို့နေသည်...အိမ်ရှေ့စံရဲ့ လက်ထပ်ပွဲကို ကြည့်ခွင့်မရလို့စိတ်မကောင်းဖြစ်မိကြပေမယ့်..သူတို့အိမ်တော်ကနေ အားလုံးကိုယ်စီ ဆုတောင်းပေးနေကြတယ်..ဒီတစ်လအတွင်း အိမ်ရှေ့စံဆောင်ရွက်ပေးခဲ့တဲ့ကိစ္စတွေကြောင့် သူတို့ ကောင်းကောင်းနေနိုင်လို့ရကြတာ..

မုကျိုး...မင်္ဂလာအပြင်ဆင်ရှေ့မှာ သူ့ဆီကြွလာမယ့် နတ်သားလေးကို မျော်နေရတယ်..စိတ်လှုပ်ရှားလွန်းလို့ လက်မှာချွေးတွေတောင် စို့နေတယ်..
*အသေးလေးက ဘာလို့ခုထိမလာသေးတာလဲ..ကြာလိုက်တာ..*

ချူးမင်အိုက်..သူ့ရှေ့မှာ အရှေ့လျောက်လိုက် အနောက်လျောက်လိုက် တောင်လျေုာက်လိုက် မြောက်လျောက်လိုက် အရပ်မျက်နှာစုံအောင် လျောက်နေတဲ့ သူ့သမက်ကြောင့် နဂိုကမှ မူးနေရတဲ့ထဲ သူလုပ်လို့ ပိုမူးနေတယ်..မနေ့ညက ရိလေးလက်ထပ်တော့မှာမလို့ ဝမ်းနည်းပြီး သေရည်၈ပုလင်းသောက်ထားတာ.. အခုထိ အာနိသင်မပြယ်သေးဘူး..မျက်စိနောက်လာတာကြောင့် ပိတ်ထားလိုက်လည်း မျက်စိထဲထိ ဟိုသမက်လုပ်နေတဲ့ပုံစံက ရောက်လာတာကြောင့် အမူးမပြေ..
"ဟိုကောင် ငြိမ်ငြိမ်နေစမ်းကွာ..ငါ မျက်စိနောက်လာပြီ..ငြိမ်ငြိမ်မနေရင် ငါ စိတ်ပြောင်းပြီး မင်္ဂလာပွဲဖျက်
သိမ်းလိုက်မှာနော်.." လို့ ပြောလိုက်တော့ သူ့စကားနိုင်သွားတယ်..တိကနဲ ရပ်သွားတယ်..

မုကျိုး..ခမည်းတော်ရဲ့ မင်္ဂလာပွဲဖျက်သိမ်းမယ်စကားကြောင့် လှုပ်ရှားနေတဲ့သူ့ခြေထောက်ကို သံကွင်းနဲ့ချိတ်ပြီး မနည်းငြိမ်အောင်လုပ်လိုက်ရတယ်..ဒါတောင် လှုပ်ချင်နေတုန်း..အဲ့အချိန် အထိန်းတော်မိုအော်သံကြောင့် သူ့ခြေထောက်ကိုချိတ်ထားတဲ့သံကွင်းက အလိုလိုပြုတ်ကာ လှေကားထစ်အလယ်ဆီ တန်းရောက်သွားတယ်..
(သံကွင်းက တင်စားပြောတာပါ တကယ်မချိတ်ပါဘူးနော်)

စောက်ချော system(Completed)Où les histoires vivent. Découvrez maintenant