[Zawgyi]
ဝမ်ဟွားရွှယ်..သူ့အခန်းပြတင်းပေါက်မှာ လက်တင်ကာ သူ့အသိစိတ်တွေက မနေ့ညက အဖြစ်ပျက်စီ ရောက်သွားသည်..
နောက်ကြောင်းပြန်..~~~~
ဟွားရွှယ်..အကန်ခံရတဲ့ဗိုက်ကို ဖိကာထရင်း သူ့ရှေ့ကိုထွက်သွားတဲ့ရှမုကျိုးကို ကြည့်ကာ တောက်ခေါက်လိုက်သည်..သူ့ကို တစ်ချက်မှ မကြည့်ဘဲ ကန်ထုတ်ပစ်လိုက်တာ..
*ရှမုကျိုး..ခင်ဗျားက ကျွန်တော့်ကိုငြင်းလေ..ကျွန်တော်က ပိုစိတ်ဝင်စားလေပဲ..ခင်ဗျားကို ကျွန်တော့်ခြေထောက်အောက်ရောက်အောင် လုပ်ပြမယ်..*
ဟွားရွှယ်..စိတ်ထဲကနေ ကျိန်လိုက်ကာ နာနေတဲ့ဗိုက်ကို အုပ်ကိုင်လိုက်ရင်း ပွဲခင်းဆီ ပြန်ဖို့ပြင်လိုက်သည်..သူ့ရှေ့က အမူးသမားနှစ်ယောက်ကို မမြင်ချင်ယောင်ဆောင်လိုက်ကာ သူတို့ရှေ့ကအဖြတ် သူ့ကို လှမ်းဆွဲလိုက်တဲ့ငမူးတစ်ယောက်ကြောင့် သူ့ခြေလှမ်းတွေရပ်သွားသည်..သူ့လက်ကို ဆွဲကိုင်လိုက်တဲ့တစ်ယောက်က သူ့ဘေးက အဖော်ကိုကြည့်ကာပြောလိုက်တဲ့စကားကြောင့် ဟွားရွှယ် ဒီနေရာကနေ သွားဖို့
ပြင်လိုက်သည်.."ဟေး..အကို၁..ဒီမှာကြည့်ပါဦး..ကောအလှလေး၁ယောက်..ကျွန်တော်တို့ညီလေးတွေ အဆာငတ်နေတာကြာပြီ..ဆွဲလိုက်ကြရအောင်.."
"ကောင်းသားပဲ..ဒါပေမယ့် သူ့ကြည့်ရတာ အမတ်
၁ယောက်ရဲ့သားထင်တယ် ရာထူးကြီးတဲ့သူဖြစ်နေဦးမယ်.."ဟွားရွှယ်..သူတို့စကားကြောင့်..
"ငါ့အဖေက ဝမ်ကျန့်ဖုန်းပဲ..ခင်ဗျားတို့ ကျုပ်ကို လွှတ်လိုက်တာကောင်းမယ်.." လို့ ပြောကာ ခြိမ်းခြောက်လိုက်သည်.."ဟားး ဟားး လက်စသတ်တော့ ဝမ်သခင်ကြီးသားကိုး..ကြားထားတာနဲ့တကယ်ကို လိုက်ဖက်ပါတယ်"
"အကို၁က သိတယ်လား ဝမ်သခင်ကြီးက ဘယ်သူလဲ အဆင့်မြင့်အမတ်လား.."
"ဝမ်သခင်ကြီးကလား..ဘယ်ကသာ..သူက ငါ့အဖေရှေ့မှာ ခေါင်းတောင် မော့ရဲတဲ့သူမဟုတ်ဘူး အဆင့်နိမ့်အမတ်သာသာလေးတင်..ဟိုးတလောကတောင် ငါ့အဖေဆီလာပြီး ဒူးထောက်အကူညီတောင်းသွားသေးတယ်.."
"ဒါဆို ဘာစောင့်နေတာလဲ..လုပ်ငန်းစကြမယ်လေ အကို၁ ကလည်း.."
"ဖြေးဖြေးပေါ့..သူ့ကို ဟိုအဆောင်ဆီ သယ်သွားရအောင်..ဒီမှာဆို နန်းတွင်းရဲမက်တွေ မိသွားလိမ်မယ်"
YOU ARE READING
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...