Arc4(4.6)

13.9K 1.8K 32
                                    

[Zawgyi]

'^Host..ဟိုကောင့်ကို ဘာပြောလိုက်တာလဲ..အသံတိုးတော့ ရှောင်လင်မကြားလိုက်ဘူး..^'

သူ..ဇာတ်လိုက်ကောင်အခန်းထဲက ခုံပေါ်ထိုင်ကာ..လက်ထဲက ဓားကို လှည့်ကစားနေရင်း..
'^သိချင်တယ်ပေါ့ အချစ်လေးက..^'

'^ဖွီ..အချစ်လေး..ကျွန်တော်က ယောကျာ်းလေးမကြိုက်ဘူးဗျ..အားပေးရုံပဲ..ဟွန့်..^'

'^ဟ..ဟ..ရှောင်လင်ရာ..ဖြောင့်လွန်းရင် ကွေးဖို့လွယ်တယ်တဲ့....ကိုယ့်ကိုကိုယ်အဖြောင့်လို့အော်နေတဲ့ငါတောင် ကွေးသွားသေးတာ..မင်းကွေးတာ ငါမျော်နေတယ်နော်..^'

'^ချီးကိုမျော်လိုက်..hostပဲကွေး..^'

'^အိုးဟိုး..ငါ့ရှောင်လင်လေးတောင်..ယဉ်ကျေးလိမ္မာဇာတ်ထဲကနေ ထွက်လာပြီပဲ..တော်တော်ဆိုးလာပါလား..^'

ရှောင်လင်..နှာခေါင်းရှုံ့လိုက်ကာ..
'^အဲ့တာ hostကြောင့်လေ..'တံငါနားနီး တံငါ, မုဆိုးနားနီး မုဆိုး'တဲ့..hostနားနီးတော့..hostအကျင့်တွေကူးတာပေါ့..ထားပါ..ခုနက ဘာပြောလိုက်တာလဲလို့ ရှောင်လင်..သိချင်တယ်..ပြောပြပါလို့..နော်host..^'

သူ..ပြစ်တင်ပြောဆိုနေတဲ့မျက်နှာထားကနေpuppy eyeပုံစံလုပ်ပြလာတဲ့ရှောင်လင့်အမူရာကြောင့် လက်လန်သွားသည်..

*ပြောင်မြောက်လိုက်တဲ့ သရုပ်ဆောင်စကေး..အရင်က မင်းသားလုပ်စားလာလားမသိဘူး..*လို့သူစိတ် ထဲကတွေးလိုက်မိတယ်..

ပြီးမှ..ဗလင်းဗလင်းဖြစ်နေတဲ့အကြည့်တွေနဲ့ရှောင်လင်ကို အနားလာဖို့လက်ယက်ခေါ်လိုက်တော့..သိပ်မသိချင်ရှာပါဘူး..စက္ကန့်ဝက်
တောင်မကြာဘူး..သူ့နားလှစ်ခနဲရောက်လာတယ်..သူ တစ်ချက်ကြည့်လိုက်ပြီးမှ..ရှောင်လင့်နားနားကပ်ကာ..ပြောပြလိုက်သည်..
'^ဘာ...^'

'^ဟ..ဖြေးဖြေးအော်ပါဟ..ငါ့နားတောင်ကွဲထွက်တော့မယ်..^'
သူ..အူသွားတဲ့နားကိုပွတ်ကာ..ရှောင်လင့်ကိုပြောလိုက်တယ်..

ရှောင်လင် ကြားလိုက်ရတဲ့စကားကြောင့်..လန့်အော်လိုက်မိတာပါ..သူ..hostကို မယုံနိုင်သလို..ကြည့်လိုက်ပြီး..
'^host..တကယ်ကြီးအဲ့လိုပြောလိုက်တာလား..^'

စောက်ချော system(Completed)Kde žijí příběhy. Začni objevovat