Arc7(7.3)

11.9K 1.6K 51
                                    

[Zawgyi]

"စားလို့ကောင်းလား..အသေးလေး.."

"အင်း..အင်း..ကောင်းတယ်..ကျေးဇူးပဲ.."

လာဗင်..သူ့ရှေ့က အငတ်ပေါက်စလေးကို ပြုံးပြုံးကြီး ထိုင်ကြည့်နေမိသည်..ဒီမှောင်ခိုဈေးကို စစ်ဆေးဖို့သွားမိတာ ကံကောင်းတယ်ပြောရမယ်..ဒီအလှလေးကို လက်ဝယ်ပိုင်ဆိုင်ရတယ်..သူနဲ့ စကားပြောနေရင်းတန်းလန်း ဗိုက်ထဲကနေ သံစုံတီးဝိုင်းထွက်လာတဲ့အသေးလေးကြောင့် မနေနိုင်ဘဲ ရယ်သံထွက်သွားမိရသည်..အဲ့အချိန် သူ့ဆီရောက်လာတဲ့ မျက်စောင်းလှလှလေး..သူ့အသည်းကို ကြက်မွှေးနဲ့ကလိထိုးသလိုပဲ..ကလိကလိဖြစ်သွားစေသည်..သူ ငေးကြည့်နေမိတာ..အသေးလေးဆီက အသံထွက်လာတဲ့အထိပဲ..သူ့ကို ပြောလာတာက..
"ဘာလို့ ဇွတ်ကြည့်နေရတာလဲ..မဟုတ်လည်း နေ့တိုင်းတွေ့ရမှာကို..ဗိုက်ဆာပြီး သေသွားမှ အလောင်းကိုပဲ သည်းခံကြည့်နေရမယ်..ဘာမှမကျွေးတော့ဘူးလား.." တဲ့..နောက်ဆုံး မနေနိုင်တဲ့ သူကပဲ အစေခံတွေခေါ်ကာ စားသောက်စရာတွေ ယူလာခိုင်းရသည်..

"ဖြေးဖြေးစားပါ..အသေးလေးဟာ ကိုယ်လုမစားပါဘူး..အဲ့အရာတွေက ကိုယ့်ကို ဗိုက်မပြည့်စေဘူး..ဒါနဲ့ အသေးလေးနာမည်က ဘာလဲ.."
လာဗင်..ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ရင်း ပါးစပ်နားတစ်ဝိုက် ပေပွနေတာတွေကို လက်လေးနဲ့ အသာသုတ်ပေးလိုက်တော့ အလိုက်တသိ နှုတ်ခမ်းလေးကို ဆူပေးလာတဲ့ အသေးလေး..သူ့တစ်ကိုယ်လုံး အပူငွေ့တွေ တက်လာသည်..

"ရမ်ကာစီ..လက်ဖယ်လေ..ဒီမှာစားနေတာကို..သုတ်လို့ပြီးပြီမလား.."
ရမ်ကာစီ..ခေါင်းစောင်းကာ လာဗင်ရဲ့လက်ကို ဖယ်လိုက်သည်..နောက် စားပွဲပေါ်က ကြက်ပေါင်တုံးကို ယူကာ တစ်ကိုက်ကိုက်လိုက်သည်..
"အင်းး ကြက်ပေါင်က အကောင်းဆုံးပဲ..ကောင်းတယ်..အင်းး ကောင်းတယ်.."

{Host..ငတ်ကြီးမကျလွန်းဘူးလား..mission လုပ်ရမယ့်လူနဲ့တွေ့နေတာပဲ..mission အရင်လုပ်ပါလား..}
Moon..သူ့ဗိုက်ချပ်ချပ်လေးကို ပွတ်ကာ ပြောလိုက်သည်..တကယ်ပါပဲ..moonနဲ့ ဒီလူတွေနဲ့ ကောင်းကျိုးမပေးဘူးလားမသိဘူး..အပေါ်က၂ယောက်ကလည်း သူ နားဖို့systemဆီ ပြန်လိုက်တိုင်း ro နေကြတာ..တကယ်ပဲ..သောက်rsတွေ..မီဝေါ့..အမြင်ကပ်လို့မှ hostဆီ ပြန်လာပါတယ်..တဖြဲနှဖြဲ စားသောက်နေတဲ့hostကြောင့် သူ့မရှိတဲ့သားရည်တွေပါ ကျလာပြီ..တစ်ယောက်တစ်မျိုး နှိပ်စက်နေကြတာ.

စောက်ချော system(Completed)Donde viven las historias. Descúbrelo ahora