Between Life

13.8K 1.7K 38
                                    

[Zawgyi]

"ပြန်လည်ကြိုဆိုပါတယ်..host..အမှတ်တွေတွက်ပေးပါမယ်..အားလုံးပေါင်း point 1200ရပါတယ် စုစုပေါင်း အမှတ်က 5200ပါ..ကြိုးစားပါhost.."

မင်းယွမ်....အမှတ်ပေါင်းကြားပြီး..အသည်းကွဲနေတာတောင်..ပျောက်သွားသည်..
"ခနလေးနေပါဦး..ရှောင်လင် ပထမကမ္ဘာပြီးတော့ အမှတ်က 1400 ဒုတိယကမ္ဘာကျ အမှတ်က 1400 တတိယကမ္ဘာကျ အမှတ် 1200 အခုရမယ့်အမှတ်က 1300 အားလုံးပေါင်း 5300လေ 100က ဘယ်ပျောက်သွားတာလဲ.."
သူ့မှတ်ဥာဏ်က အရမ်းကောင်းတာလေ..သူ့အရင်ဘဝတုံးက စာရင်းတွေကို သူတစ်ယောက်ပဲစစ်ဆေးတာ..တစ်ခါပြောတာနဲ့ မမေ့တော့ဘူး..

ရှောင်လင်..hostအမေးကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဖြေလိုက်သည်..
"အော်..အဲ့တာလား..hostအတွက် ဆေးဖယ်ပေးခလေ..ဟိုကောင်ခတ်တဲ့ဆေးကို ဖယ်ပေးတာလေ"

"ဘာ..အမှတ်နှုတ်တယ်..မင်းက အမှတ်နှုတ်ချင်သေးတယ်ပေါ့..မင်းက အပြည့်ဖြေပေးတာလဲမဟုတ်ဘူးနျော ငါက တစ်ဝက်ခံလိုက်ရသေးတယ် အာနိသင်တစ်ဝက်ပဲ ဖြေပေးပြီးတော့..လက်မခံဘူး..50ပဲ..50ပေါင်းလိုက်.."

"Host..အဲ့တာက.."

"ပေါင်းမှာလား မပေါင်းဘူးလား.."

"သိပါပြီ..ပေါင်းရင်ရပြီမလား..အားလုံးပေါင်း 5250."

"အဲ့လိုမှပေါ့..ကဲ..ဘာတွေသင်ရဦးမလဲ..ပြ.."

ရှောင်လင်..သူ့ကို အမြတ်ကြီးစားနေတဲ့hostကို မျက်စောင်းထိုးကာ နှာခေါင်းရှုံ့ပြလိုက်သည်..
"ဒီတစ်ခါသင်စရာမရှိဘူး Hostက mission အကုန်မပြီးဘူးလေ အထက်က ဘာမှချမပေးဘူး..အဲ့တော့ ခနနေ နောက်ကမ္ဘာကူးမယ် အဆင်သင့်ပြင်
ထားပါ.."

"သောက်ဘိုးတော်တွေ..ငါ ပြောလိုက်ရမကောင်းဖြစ်တော့မယ်..အ့..ဘာဖြစ်တာလဲ.."
မင်းယွမ်..ဟင်းလင်းပြင်၁ခုလုံးလှုပ်ရမ်းသွားတဲ့အားကြောင့်..သူ့ကိုယ်လုံးကို မနည်းထိန်းလိုက်ရသည်..ရှောင်လင့်ကို ကြည့်လိုက်တော့လည်း နားမလည်သ လို..အူကြောင်ကြောင်ဖြစ်နေသည်..

"Host..အခုပြောင်းမယ်နော်..2%.. 41%.. 68%.. 88% ...100%.."

သူ..မေးချိန်တောင်မရ..ဟင်းလင်းပြင်၁ခုလုံးအမှောင်ကျသွားကာ သူ့ကိုယ်က အချိန်တံခါးပေါက်ထဲ ဝင်ရောက်သွားသည်..

စောက်ချော system(Completed)Where stories live. Discover now