[Zawgyi]
Silver moonစံအိမ်...
"သခင်ကြီး...စုံစမ်းခိုင်းတာရပါပြီ.."
"အင်း..ချထားခဲ့.."
"ဟုတ်ကဲ့.."
ချန်းနန်..စာအိတ်ကိုချပြီးတာနဲ့...အမြီးတောင်မမြင်ရဘဲ..ပျောက်သွားတဲ့ကိုယ်ရံတော်ကြောင့်...စာနာစွာ...သက်ပြင်းချလိုက်မိသည်..
*'သခင်ကြီးရယ်...သခင်ကြီး...အရှိန်ဝါက..ကျွန်တော်တို့ကို...လန့်ပြီးသေအောင်လုပ်နေတာပဲ..တစ်နေ့တစ်နေ့..သခင်ကြီးဘေးက..အအေးဓာတ်ကြောင့်.
ကျွန်တော်..ရေခဲတိုက်တောင်မရောက်ချင်တော့ဘူး..'*ထျန်းကျီမော့...သူ သိချင်တဲ့..ကောင်လေးအကြောင်းကို..ချက်ချင်းဖွင့်ဖတ်လိုက်သည်...
ဝမ်ရှင်းအယ်
အသက်၂၂
စီးပွားရေးကျောင်းသားတစ်ယောက်
အသက်၁၈နှစ်မှာ ကားမတော်တဆကြောင့် အောက်ပိုင်းသေသွားခဲ့သည်
ဒေါသကြီးတယ် ကိုယ်ချင်းစာစိတ်မရှိဘူး ရမ်းကားတဲ့သခင်လေးတစ်ယောက် တဲ့လား
*အဟက်...အသေးလေးကသာ ရမ်းကားတယ်ဆိုရင် ဒီနေ့ အဲ့ကလေးကို ကူမှာမဟုတ်ဘူး *"ချန်းနန်."
အပ်ကျသံတောင် မကြားရတဲ့အခန်းထဲမှာ..ဟိန်းထွက်လာတဲ့အသံတစ်ခု..
အေးစက်ပြီး..လူတိုင်းကို..ဦးညွတ်နိုင်စေတဲ့အသံ"ဟုတ်ကဲ့..သခင်ကြီး."
"အသေးလေးအကြောင်း ကောလဟာလဖြန့်နေတာ ဘယ်သူလဲ.."
*ဟမ် အသေးလေး..အသေးလေးက ဘယ်သူလဲဟ*
ချန်နန် သခင်ကြီးကိုကြည့်လိုက်တော့..ဝှီးချဲနဲ့ကောင်လေးပုံကို..မြတ်နိုးရိပ်တွေထင်နေတဲ့မျက်လုံးနဲ့..ကြည့်နေတဲ့သခင်ကြီးကြောင့်..သူ အလင်းပေါက်သွားရသည်..
"သခင်လေးသတင်းတွေကိုဖြန့်တာ...သူ့အဖေ မယားငယ်နဲ့ရတဲ့ကလေး ဝမ်ဖန်းရဲ့လုပ်တာပါ...ပြီးတော့..သခင်လေးကားမတော်တဆဖြစ်တာလည်း..မယားငယ်သား လုပ်တာပါ..သခင်လေးအဖေကတော့..သခင်လေးစည်းစိမ်တွေထိုင်ဖြုန်းပြီးတော့. သူ့မိဘတွေကိုပါ..သခင်လေးအိမ်မှာ တင်ခေါ်ထားပါတယ်..သခင်လေးအမေဆုံးတာလည်း..သူတို့ကြောင့်ပါပဲ...ပြီးတော့..သခင်လေးအဖေက..""မခေါ်နဲ့.."
"ဗျာ.."
ချန်းနန် ပြောတာပြောနေရတာ..သူပြောလိုက်တိုင်း.
.ရေခဲငွေ့တွေထွက်ထွက်လာတဲ့သခင်ကြီးကြောင့်.
.ကျောပြင်တစ်ခုလုံးချွေးတွေရွှဲလာရသည်..ပြောလို့မ
ပြီးသေးခင်..'မခေါ်နဲ့'လို့ပြောကာ တားမြစ်လာတဲ့သခင်ကြီးကြောင့် ကြောင်အသွားသည်...
သူ့ကို ပြောလာတာက...
YOU ARE READING
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...