Arc5(5.6)

14.5K 1.9K 59
                                    

[Zawgyi]🌺🌺🌺🌺🌺🥀🥀

ချန်ဟေး..အသေးလေးကို သတိရနေသည်..ဒါပေမယ့်..ဝမ်သခင်ကြီးက သူ့ကို အပြင်ထွက်လို့မရအောင် အလုပ်တွေဖိခိုင်းထားတာကြောင့်..သူ့မှာ အချိန်မရ..ဒီနေ့လည်း..မြို့တော်ကို ဆေးသွားရောင်းဖို့က ခါတိုင်းဆို နေ့လည်ဆိုပေမယ့်..အခုကျ မနက်အစောကြီး မြို့တက်ခိုင်းတော့..သူလည်း ဘာမှမတတ်နိုင်ပေ..

မြို့တော်ရောက်တော့..သူ ရောင်းနေကျ သင်းပျံ့ပျံ့စားသောက်ဆိုင်ဘေးနားက ဆေးဆိုင်မှာ ဆေးပင်တွေ ဝင်ရောင်းလိုက်သည်..ဟိုးရက်က ဆေးပင်ရှာတာ ဆေးပင်ကောင်းတွေအများကြီးရခဲ့တော့..ဒီတစ်ခါ ငွေစ ၁ထောင်တောင် ရတယ်..

သူ..ဆေးဆိုင်ပိုင်ရှင်ကို နှုတ်ဆက်ပြီးတာနဲ့..လမ်းကြားထဲကနေဖြတ်ကာ..သူ တည်းခိုဆောင်ဆီ ပြန်
လိုက်သည်..ဈေးမတရားကြီးတဲ့ သင်းပျံ့ပျံ့တည်းခိုဆောင်မှာတော့ တည်းဖို့မှ မတတ်နိုင်တာ..
"ဟူး..ဒီအချိန် အသေးလေးနိုးနေလောက်ပြီ..သတိရလိုက်တာ..နောက်တစ်ခါလောက် ထပ်နမ်းချင်သေးတယ်.."
ချန်ဟေး..အသေးလေးအကြောင်းတွေးရင်းနဲ့ လျောက်လာလိုက်တာ..သူ့ရှေ့မှာ လူ၂ယောက်ပေါ်မလာခင်အထိပဲ..သူ ကြောင်အနေတာကို အခွင့်ကောင်းယူပြီး..သူ့ဆီ ကြိုး၁ချောင်းလှမ်းပစ်လိုက်သည်..ဘာ
ကြိုးမလို့လဲမသိ..ချက်ချင်းသူ့တစ်ကိုယ်လုံးကို ရစ်ပတ်ကာ လှုပ်မရတော့ပေ..သူ မေးမယ်ကြံနေတုန်း သူ့မျက်လုံးကို အုပ်ကာ ဖမ်းခေါ်သွားတာကြောင့်..ပါးစပ်ပိတ်ထားလိုက်ရသည်..

သိပ်မကြာခင် သူ့ကို တစ်ခုခုပေါ်တင်လိုက်တာကို ခံစားမိလိုက်သည်..ပြီး..သူ့လက်တွေကိုမြှောက်ကာ တိုင်တစ်ခုမှာချည်လိုက်တယ်..သူ့အထင် ကုတင်ပေါ်ဖြစ်မယ်ထင်တယ်..ချန်ဟေး သူ ဘယ်သူ့ကိုအပြစ်လုပ်မိမှန်းစဉ်းစားမရ..တစ်အောင့်နေတော့ သူ့မျက်စိအဝတ်ကို တစ်ယောက်ယောက်က လာဖယ်ပေးသည်..မျက်စိကာ လွတ်သွားတာနဲ့ သူ့ရှေ့ပေါ်လာတာက..သူ..သတိရနေတဲ့ ချစ်ရသူအသေးလေး..
သူ..အံ့သြသွားကာ မေးလိုက်တော့ ရယ်ကာ ဖြေလာတဲ့သူ့အသေးလေး..ပြီးတော့ သူ့နှုတ်ခမ်းကို နမ်းလာတာကြောင့် ဒီနှုတ်ခမ်းကိုမျော်လင့်နေရတဲ့သူ့အတွက်တော့ ဆုလာဘ်တစ်ခုပင်..ချက်ချင်း..အသေးလေးအနမ်းတွေကို တုန့်ပြန်လိုက်သည်..

စောက်ချော system(Completed)Where stories live. Discover now