[Zawgyi]
🐇🐇🐇🐇🐇🐇
🥕🥕🥕🥕🥕🥕"တိတိ နဲ့ လုလု..မြန်မြန်လာလေ..ခနက ပြောတော့ ဆေးရုံလိုက္မယ်ဆို.."
ဖုန်းဟွား..ဒေါက်ဖိနပ်ကောက်စီးရင်းက ဆိုဖာမှာ ထိုင်နေတဲ့၂ယောက်ကို မေးလိုက်သည်..
"မလိုက်တော့ဘူး..တီတီပဲ သွားတော့.."
ပြောပြီးသည်နှင့် သူတို့၂ယောက် တီဗီရီမုတ်ယူကာ တီဗီဖွင့်လိုက်သည်..
သူတို့ အခန်းပြန်ရောက်တာနဲ့ အံကိုက်ပင် အန်တီဖုန်းဟွားက အခန်းထဲ ဝင်လာတယ်..
သူတို့၂ယောက် ပါးပါးက ဆေးရုံမှာဆိုလို့ စိတ်ပူပြီး ကမန်းကတမ်း အင်္ကျီလဲလိုက်တာ..
အောက်ထပ်ရောက်တော့မှ ဆေးရုံတက်နေရတာ ပါးပါးမဟုတ်ဘဲ ဟိုလူကြီး ဖြစ်နေတာ သိလိုက်ရတယ်..
အဲ့လူရှိတဲ့ဆေးရုံကို ဘာကိစ္စ သွားရမှာလဲ..ပါးပါး ဒဏ်ရာမရရင် ပြီးတာပဲ..
အဲ့လူအတွက်ကတော့ ဘဝအဆုံးသတ်မရောက်မချင်း စိတ်မဝင်စားဘူး..
အဲ့လူရဲ့ အဆုံးသတ်ကို သူတို့ စိတ်ဝင်စားတာကလည်း အဲ့လူ မရှိရင် ပါးပါး ဝမ်းနည်းနေရမှာ စိုးလို့..
ပြောမနိုင်တဲ့ တူလေး၂ယောက်ကြောင့် ဖုန်းဟွား မတတ်သာတဲ့အဆုံး ကားသော့ယူကာ အိမ်ဝင်းအပြင်ကို ထွက်လိုက်သည်..
ရုတ်တရပ် သူမခြေလှမ်းတွေ ရပ်တန့်သွားသည်..
"ကိုကို!"
မင်းယွမ် ဖုန်းဟွားကို ဂရုမစိုက်အားပေ..သူ့လူတွေဘက်လှည့်ကာ အမိန့်ပေးလိုက်သည်..
"တံခါးတွေ ပိတ်ထား..ဘယ်သူမှ ဝင်မလာစေနဲ့..W ခေါင်းဆောင်လည်း အဝင်မခံနဲ့.."
"ဟုတ်ကဲ့ပါ သခင်လေး.."
"ကိုကို. ဘာဖြစ်လာတာလဲ.."
သူမ..အိတ်ကို ဘေးတစောင်းလွယ်ကာ အပြေးအလွှားမေးလိုက်သည်..
"အကိုကျန်းရွှမ်ရော..သူ လိုက်သွားတယ်မဟုတ်ဘူးလား..ဘာလို့ အတူပါမလာတာလဲ..ဘာဖြစ်လာတာလဲ..ကျန်းရွှမ်နဲ့ ရန်ဖြစ်လာတာလား.."
"ဖုန်းဟွား..ကိုကို ပင်ပန်းနေတယ်..အထဲဝင်ပါရစေဦး.."
မင်းယွမ် နာနေတဲ့ခြေထောက်ကို လျစ်လျူရှုကာ တစ်လှမ်းချင်း ဖိနင်းကာ အထဲကို လျောက်လာလိုက်သည်..
VOUS LISEZ
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...