[Zawgyi]
ရှင်းအယ်..အခု..ထျန်းကျီမော့ရှေ့မှာ..အပြစ်သားတစ်ယောက်လို..ထိုင်ကာ..တံတွေးမြို ချနေရသည်..
အကြောင်းကတော့...ညနေ ၄နာရီ....
"ရှင်းအယ်...ဆေးရုံဆင်းတော့မှာလား..."
သူ..ဆေးရုံဆင်းဖို့.. ထျန်းကျီမော့ကို..စောင့်နေရင်း...
ရောက်လာတဲ့..ရန်မုချင်းကြောင့်...အကြံတစ်ခုရကာ"ဟုတ်တယ်...မုချင်းကော...ကောကရော..ကျွန်တော့်ဆီလာလည်တာလား..."
မုချင်း...သူ့ကိုပြုံးပြကာ...ကောလို့ခေါ်လာတဲ့ရှင်းအယ်ကြောင့်...ကြက်သီးထသွားရသည်...
ဘာလို့ဆို..ဒီအတောတွင်း..ဆေးရုံခနခနလာတာကြောင့်...ရှင်းအယ်နဲ့သူ..ရှင်းနှီးသွားကြသည်..အဲ့ဒီတော့မှ..သူနားလည်လိုက်တာက..ရှင်းအယ်ဆိုတဲ့ကောင်လေးက..သူ့အတွက်...ပြသာနာကောင်လေးဆိုတာပဲ...
သူနဲ့ရင်းနှီးသွားတာနဲ့...ကော..ကောလို့ခေါ်ကာ..ပြသာနာပတ်ရှာနေတဲ့..ရှင်းအယ်ကြောင့်...သူ့မှာ..ဒုက္ခရောက်နေရသည်...ပြသာနာပတ်ရှာတာက...တခြားဆိုတော်သေးတယ်...ဒါပေမယ့်..သူ့ကိုပါ..အဆစ်ထည့်လာသေးတယ်...ဟိုရေခဲဘုရင်ရှေ့မှာ...သူ့ကို..မုန့်လာလာခွန့်လိုက်...သူ့ကိုဖက်လိုက်...သူ့လက်ကိုဆွဲလိုက်လုပ်နေတာ...လုပ်တဲ့သူကတော့မသိဘူး...သူ့မှာတော့...ရေခဲဘုရင်ကြီးရဲ့...ဒေါသမျက်စောင်းတွေ...သဝန်တိုမီးတွေကြောင့်...ရေခဲရေလိုက်ရှာနေရသည်..မဟုတ်ရင်...သူ့တစ်ကိုယ်လုံးကို..မီးလောင်တိုက်တွင်းတော့မှာ...
အဲ့တာနဲ့ပြီးလားဆိုတော့..မပြီးသေးဘူး...သူ့ကုမ္မဏီရှယ်ယာဈေးတွေကိုပါ..ရေခဲဘုရင်..နှောက်ယှက်
တာခံရသေးတယ်..အဲ့နေ့ဆို. သူ့မှာ..ရှင်းလိုက်ရတာ..ဖတ်ဖတ်ကိုမောလို့...
အခုလည်း..ခေါ်ပြန်ပြီ..ကောတဲ့...သူ..ဒီကိုလာမိတဲ့ခြေထောက်နဲ့..ပြောမိတဲ့ပါးစပ်ကိုသာ..ပိတ်ရိုက်ပစ်ချင်တော့သည်...
*မဖြစ်ဘူး..သူ..ပြေးမှဖြစ်မယ်*"ရှင်းအယ်လေး...ကိုယ်..အခုမှ..သတိရတာ..လုပ်စရာလေးတွေရှိသေးတယ်..နောက်မှလာတွေ့တော့မယ်နော်...တာတာ့.."
ရှင်းအယ်..ပြေးဖို့ပြင်နေတဲ့မုချင်းလက်ကိုဆွဲလိုက်သည်...
"ကောကလည်း..သွားရင်..ကျွန်တော်လည်းလိုက်မှာပေါ့...ဦးလေးကြီးအတွက်..စာပို့လိုက်ဦးမယ်..
ခနလေးပဲစောင့်.."
သူ..မုချင်းလက်ကိုဆွဲထားလျက်...ဖုန်းကို..ထုတ်ပြီး
ဟိုလူ့ဆီ..စာပို့လိုက်သည်..ပြီးတာနဲ့...မုချင်းလက်ကိုဆွဲကာ...ဝှီးချဲက..အလိုအလျောက်ခလုတ်ကိုနှိပ်လိုက်သည်..
"လာ..ကော..သွားမယ်..ရေး..Let's go."
YOU ARE READING
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...