Zawgyi
ဝမ်ဖေးရန် ပြိုင်ပွဲစင်မြှင့်ပေါ် တက်လာပြီး သူနဲ့မျက်နှာချင်းဆိုင် ပြိုင်ဖက်ကိုကြည့်မိလိုက်သည်၊ထိုသူဟာ အသက် ဆယ့်ရှစ်ကျော်အရွယ်လောက်ရှိပြီး သူရဲ့လက်ထဲတွင် လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသေးသည်၊သူရဲ့မှေးနေတဲ့မျက်လုံးများဟာ ဝမ်ဖေးရန်ပေါ်ကို ကြည့်နေပုံကိုက အထင်သေးမှုများပါနေသည့်အပြင် နူတ်ခမ်းများဟာလည်း တစ်ခုခုယုတ်မာသဖွယ် ကော့ညွှတ်ကာပြုံးသွားပြီး
"ငါရဲ့ ပထမဆုံးပြိုင်ဘက်က ဒီလိုအလှဂေးလေးဖြစ်နေမယ်မထင်ဘူး... အိပ်ယာထဲမှာဆို ငါတော်တော်ပျော်ရွှင်မိမှာပဲ "လို့ လျှာများသပ်ကာပြောလိုက်တာကြောင့် ဝမ်ဖေးရန်ဟာ မျက်မှောင်အနည်းငယ်ကြုတ်သွားပေမယ့် ချက်ချင်းပြုံးသွားပြီး ဘာမှဆက်မပြောဘဲ သူရဲ့ ရွယ်ဆွေ့ဓားကို ထုတ်လိုက်သည်၊
စင်အောက်ရှိ လူများကတော့ ရုတ်တရက်ကြီး တိုက်ခိုက်လာသည့်လေစိမ်းများကြောင့် ကျောရိုးတစ်လျှောက်အေးစိမ့်နေတော့သည်။ တစ်ဖက်မှာလည်း ထိုလေစိမ်းများတိုက်ခိုက်နေသည့်ယောကျာ်းပျိုတွေရဲ့ချောမောခန့်ညားသည့်မျက်နှာတော်ကိုလည်း မဖူးပဲမနေနိုင်ကြချေ၊သိုင်းလမ်းစဉ်လျှောက်လှမ်းသည့်သိုင်းပညာရှင်တွေဖို့ ရုပ်ရည်ဟာအဓိက မဟုတ်သည်ကို သိသော်ငြားလည်း လူ့သဘာဝအရ အလှအပဆိုတာကိုကြိုက်နှစ်သက်သည့်စိတ်ကတော့ စွဲဖျောက်ဖျက်လို့မရချေ၊
ဝမ်ဖေးရန် ဓားထုတ်လိုက်သည်နှင့် တစ်ဖက်ရှိ မျက်မှေးမှေးနဲ့လူငယ်ဟာလည်း သူရဲ့လှံရှည်ကို တိုက်ခိုက်ဖို့အသင့်ပြင်လိုက်သည်၊ဒါပေမယ့် ထိုလူငယ်ဟာ ချက်ချင်းတိုက်လိုက်ခြင်းမပြုဘဲ ဝမ်ဖေးရန်ဘက်က တိုက်ခိုက်လာမှ အားနည်းချက်ကိုရှာဖွေကာ တစ်ခါထဲသိပ်ချရန် ကြံရွယ်လိုက်သည်၊ဒါပေမယ့် ဘယ်သူထင်မလဲ ဝမ်ဖေးရန်လက်ထဲရှိ ဓားဟာ ချက်ချင်း ကု့ချင်းလက်နက်သို့ပြောင်းလဲသွားကာ ကု့ချင်းကြိုးပေါ် သေးသွယ်ပြီးလှပတဲ့လက်ချောင်းလေးများတင်ကာ ပြေးဆော့ကစားသည်၊ကွင်းပြင်ထဲ တေးသံတစ်ပုဒ်ထွက်ပေါ်လာတော့သည်၊
ထိုတေးသံဟာ ရိုးရှင်းပေမယ့် ဖော်ပြလို့မရသည့် အရှိန်အဝါပါရှိနေသေးသည်၊သံစဉ်လှိုင်းများဟာ ပြိုင်ဖက်ကိုသာ ဦးတည်တိုက်ခိုက်နေတာကြောင့် စင်အောက်ရှိလူများကတော့ နားထောင်ကောင်းသည့်တေးသံစဉ်တစ်ပုဒ်ကိုသာ နားဆင်နေသလိုပင်၊ဒါပေမယ့် စင်မြှင့်ပေါ်ရှိ အတိုက်အခိုက်ခံရသည့် မျက်မှေးမှေးနဲ့လူငယ်အဖို့ မျက်နှာကြီးရှုံ့မဲ့သွားကာ လက်ထဲရှိ လှံရှည်ကို မြေပြင်ပေါ် ပစ်ချလိုက်ပြီး သူရဲ့စိတ်စွမ်းအင်နယ်ပယ်ကို ဓားပေါင်များစွာနှင့်တိုက်ခိုက်သလို နာကျင်ကိုက်ခဲမှုကြောင့် သူရဲ့ခေါင်းကို ကိုင်ကာမြေပြင်ပေါ် ဒူးထောက်လျက် အော်ဟစ်နေတော့သည်၊ထိုနာကြင်စွာအော်ဟစ်သံကြောင့် စင်အောက်ရှိလူတွေလည်း ထိုတေးသံစဉ်ဟာ တော်တော်ကြောက်စရာကောင်းမည်ကို နားလည်လိုက်တော့သည်၊
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...