Chapter -42

12.5K 1.9K 143
                                    


Zawgyi

ယှဉ်ပြိုင်မှုတွေ အဆင့်ဆင့်တက်လာပြီးနောက် ပြိုင်ပွဲဝင်ဆယ်ယောက်သာကျန်တော့သည်၊အခု လူစိတ်အဝင်စားဆုံးခံရသူတွေဟာ အနက်ရောင်ဝတ်ရုံရှည်နဲ့လူငယ်လေးရယ်၊ရှောင်ချင်းလင်ဖြစ်သည်၊

အနက်ရောင်လူငယ်လေးကတော့ သူရဲ့ဓားကောက်သိုင်းဟာ တစ်မူထူးခြားပြီး သူတို့ဟာ ထိုသိုင်းပညာကို ခန့်မှန်းလို့မရတာကြောင့်ဖြစ်ပြီး ထိုလူငယ်ရဲ့သိုင်းကွက်သုံးကွက်အတွင်းမှာ အကုန်လုံးဟာ ရှူံးနိမ့်ခဲ့တာကြီးဖြစ်သည်၊

ဒါကြောင့် အကုန်လုံးချန်ပီယံအနေနဲ့ခန့်မှန်းနေကြတော့သည်၊နောက်တစ်ယောက်ကျတော့ အနက်ရောင်မီးတောက်ကျွန်းကနေ ရွေးချယ်ခံလိုက်ရသူရှောင်ချင်းလင်ဖြစ်သည်၊ပြိုင်ပွဲဝင်တွေဟာ မျက်နှာသာပေးချင်တာကြောင့် မတိုက်ခိုက်ရသေးခင်မှာပင် အရှူံးပေးသွားကြသည်၊ထိုနောက် ရှောင်ချင်းလင်သည် ချန်ပီယံဖြစ်မဖြစ်ဆိုတာ လောင်းကြေးထပ်နေကြတော့သည်၊

ထျန့်လျန့်နယ်မြေကလူတွေအတွက် အပြင်ဘက်ကလူတွေရဲ့အင်အားကို ကြောက်ရွံမိတာမအံ့သြကြပေ၊ဒါကြောင့် အရွေးချယ်ခံရသည့်တပည့်ကို အပြစ်မလုပ်ရဲသည်မှာ မဆန်းကျယ်ပေ၊ဒါကြောင့်ရှောင်ချင်းလင်ဟာ မောက်မာမတက် မောက်မာလာတော့သည်၊လက်ရှိတွင် သူဟာ အင်ပါယာဘုရင်မင်းမြတ်တွေထက်တောင် သာလွန်နေသူဟုပင် ခံစားနေရသည်၊ ရှောင်ဝေ့ရန် ကိုကြည့်လိုက်ပြီး

'မင်း ငါ့ထက်ဘယ်တော့မှသာမှာမဟုတ်ဘူး' မင်းမှာ နတ်နဂါးသိုင်းဝိညာဉ်ရှိနေတော့ကော ဘာဆန်းလဲ မင်းကို ငါ့လိုဘယ်သူက တကူးတကခေါ်ကျလို့လဲ'ဟု တွေးတောကာ စိတ်ကျေနပ်နေတော့သည်၊

ကြီးကြပ်ရေးမှူးလောင်ဟာ နောက်ထပ်ပြိုင်မဲ့သူတွေကို နံပါတ်စဉ်အော်လိုက်သည်၊ကံတရားဟာ မျက်နှာသာပေးလွန်းခဲ့သည်လား ၊လှောင်ရယ်ဖို့ ဖန်တီးခဲ့လေသလား၊ချင်ဟွာချန်နဲ့ဝမ်ဖေးရန် တိုက်ခိုက်ရေးစင်မြှင့်ပေါ်တွင် တွေ့ဆုံရန်အကြောင်းဖန်လာတော့သည်၊

ရှောင်ချင်းလင်နဲ့ချင်ဟွာချန်ရဲ့မျက်ဝန်းများဟာ တောက်ပသွားပြီး သူတို့စောင့်နေသည့်အချိန်တော့ ရောက်ရှိလာတော့သည်၊ရှောင်ချင်းလင်ဟာ သူဒီကနေထွက်သွားတော့မည်ဆိုသော်လည်း ခန့်ညားချောမောသည့်ယောကျာ်းပျိုများဝန်းရံနေသည့်ရှောင်ဝေ့ရန်ကို မျက်နှာလွဲခဲ့ရန် စိတ်ကူးမရှိပေ၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now