ZawgyiHello ကျွန်တော့်ရဲ့ စာရေးဆရာကလောင်နာမည်က ကောင်းကင်ကိုပျံတတ်မည့် ကြောင်ကြီးပေါ့...အာ ကျွန်တော့်နာမည်ရင်းက ဝမ်ဖေးရန် ကျွန်တော်က လူကြိုက်များတဲ့ စာရေးဆရာပေါ့၊ ဟိုတလောကဆို ကျွန်တော့်အကြောင်း စာဖတ်သူတစ်ဦးသိပြီး ဓားနဲ့လာထိုးတဲ့အထိ ကျွန်တော်က အရမ်းလူချစ်လူခင်ပေါများတယ်လေ ဟဲဟဲ။
ဒီနေ့ ရှန်းရှဇာတ်လမ်းတစ်ပုဒ်ရေးမလို့ပဲ။ခင်ဗျား ရှန်းရှဇာတ်လမ်းတွေကို သိတယ်မလား။သူက ရှောင်လင်ကွန်ဖူးတို့လို လက်တွေ့ကျတဲ့သိုင်းဇာတ်လမ်းပုံစံမဟုတ်ဘဲ ဓားပျံတွေနဲ့ ခင်ဗျားတွေးတောဖူးမှာမဟုတ်တဲ့ကမ္ဘာပုံစံမျိုးဗျ။
အဟမ်း လိုရင်းသွားတာပေါ့၊အခု ကျွန်တော်စာမရေးနိုင်ဘဲ ကျွန်တော့်အခန်းထဲမှာ ပျံဝဲနေတဲ့ အဖြူရောင်လုံးလုံး အဝိုင်းကြီးကို ထိုင်ကြည့်နေရတာ နာရီဝက်ရှိနေပြီ၊ကျွန်တော်က စိတ်ကူးယဉ်စာရေးဆရာဖြစ်တဲ့အတွက် ထိပ်မလန့်သွားပါဘူး၊ဂြိုလ်သားတွေတောင် ရှိတယ်လို့ယုံကြည်သေးတာပဲလေ၊အဲ့တော့ ထိုဥ ဘာများဆက်လုပ်မလဲလို့ ပေါက်ပေါက်စားရင်း ထိုင်ကြည့်နေတာပေါ့။
[System: ဟေ့ လူသား]
"....." ဝမ်ဖေးရန် အအေးလေးသောက်ကောင်းဆဲ၊လှည့်ကိုမကြည့်ပဲ ပေါက်ပေါက်စားကောင်းဆဲ၊
[System: ဟေ့ ဝမ်ဖေးရန်ဆိုတဲ့ ကောင်ရေ နင့်ကို ငါသခင်မလေးခေါ်နေတယ်လေ!!!]
"ဖူး....." ဝမ်ဖေးရန်တယောက် သူရှေ့ကဥ စကားပြောနေမှန်းသိသွားပြီး အအေးတောင်ပါးစပ်ထဲကထွက်ကျကုန်တယ်....
"ပြောပြော" ငါ့ အအေးလေးတွေ၊ဒါအအေးရဖို့ လမ်းထိပ်က ဈေးဆိုင်ကို ငါအပင်ပန်းခံပြီး သွားထားရတာကို၊ဒီသောက်ဥကတော့!!!
[System: ဟက် နင်ကို အပြစ်ရှိလို့ ငါ့ကို အထက်ကလွှတ်လိုက်တာ]
"ဟမ်...ငါ နိုင်ငံရေး novelတွေ မရေးဖူးနော် မင်း လူမှားနေမယ်!" ငြင်းရမှာပေါ့၊ အစိုးရက ဘာကြောင့် ဒီသဘောကောင်းရုပ်ချောတဲ့ကောင်လေးကို ခေါ်ချင်နေတာလဲ မရိုးသားဘူး!
[System: .... ၊ နင့်က လူမုန်းများတဲ့ Novelကိုရေးထားတာလေ၊ဒါကြောင့် နင့်ကို အပြစ်ပေးဖို့ အထက်ကလွှတ်လိုက်တာ]
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...