Chapter - 59

8.4K 1.4K 58
                                    

Zawgyi

ရှလုန်ရွိန်ဟာ အဆိပ်မိနေသည့်မင်ထျန်းလော့နဲ့ ဝမ်ဖေးရန်ရှေ့မှာ ရပ်ကာ သူရဲ့သုံးခွလှံကို ထုတ်လိုက်ကာ မြို့တော်ဝန်လောင်ကို သားရဲတစ်ကောင်လို အကြည့်များဖြင့် ကြည့်ရင်း အစွမ်းကုန်ကာကွယ်ရန် ကိုယ်နေဟန်ပါ ပြင်ဆင်လိုက်သည်၊

မြို့တော်ဝန်လောင်ဟာ ဒီနေ့ သူအရမ်းကံကောင်းနေသည်ဟု ထင်နေတော့သည်၊ထိုလူငယ်ရဲ့လက်ထဲက လှံဟာ နတ်ဘုရားအဆင့်လက်နက်ဖြစ်ပြီး ခမောက်ပုဝါဆောင်းထားသည့်လူငယ်ဟာလည်း သူရှာတွေ့ခဲ့သည့်ကျမ်းစာအုပ်ထဲက သန့်စင်သည့်သွေးပိုင်ရှင်ဖြစ်နိုင်သည်၊ထိုလိုလူကိုသာ ရခဲ့ရင်...၊မြို့တော်ဝန်လောင်ရဲ့မျက်နှာဟာ လောဘတွေနဲ့ ပြည့်သိပ်နေပြီး

"မင်းတို့ သုံးယောက်ထဲက နှစ်ယောက်ကို အသက်ရှင်ခွင့်ပေးလိုက်မယ် ဒါပေမယ့် အဲ့လှံနဲ့ လူတစ်ယောက်နေခဲ့ရမယ်" လို့ ပြောလိုက်တော့ ရှလုန်ရွိန်ဟာ သူရဲ့သုံးခွလှံလက်နက်ကို တင်းတင်းဆုပ်ကိုင်ရင်း မြို့တော်ဝန်လောင်ကို စိုက်ကြည့်ကာ

"သွားသေလိုက် အဘိုးကြီး" လို့ ပြောလိုက်တော့ မြို့တော်ဝန်လောင်ရဲ့မျက်နှာဟာ တင်းမာသွားပြီး သူရဲ့လက်တစ်ဖက်တွေ ဓားရှည်တစ်ချောင်းပေါ်လာပြီး မျက်နှာဟာ ​ဒေါသ​ကြောင့် အနီ​ရောင်က​နေ ခရမ်းရောင်ပင်သန်းလာပြီး တင်းမာကာ အံကြိတ်ထားသည့်အသံဖြင့် ရှလုန်ရွိန်တို့ကို ကြည့်ကာ

"ဒီအဘိုးကြီးက ပထမကမင်းတို့ထဲက နှစ်ယောက်ကို ကြင်နာစွာလွတ်ပေးမလို့ပဲ အခုတော့ မင်းတို့ကို နောင်တဆိုတာ ဘာမှန်းသိအောင် ပြသပေးတာပေါ့" ပြောလာတော့သည်၊

ရှလုန်ရွိန်ဟာ ဝမ်ဖေးရန်ရှေ့ကနေ ကာကွယ်ထားပြီး ဝမ်ဖေးရန်ကို စိတ်ထဲကနေ ဆက်သွယ်ကာ

*ဖေးရန် အခုချက်ချင်း ထျန်းလော့ကို ခေါ်ပြီး ဒီကနေ ထွက်ပြေးသွားလိုက်တော့ ကိုယ် အတတ်နိုင်ဆုံး ခုခံထားပေးမယ်*

ဝမ်ဖေးရန်ဟာ ရှလုန်ရွိန်အသံကို ကြားတော့ အရမ်းကိုအံ့အားသင့်သွားပြီး ခေါင်းကို အကြမ်းပတမ်းခါရမ်းကာ

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now